AFC CUP ‌‌ခြေစစ်ပွဲပထမအကျော့ပွဲတွေအတွက် ‌ရွေးချယ်ပေးတာပါ။

မောင်မောင်လွင်ကတော့ ဇွဲကပင်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ရန်ကုန်အသင်းရဲ့ အားထားရ တဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရှိနေသူပါ။

မနက်ဖြန်မှာ ကစားမယ့် ဘရူနိုင်းကလပ် အင်ဒီရာနဲ့ပွဲမတိုင်ခင် ရန်ကုန်ယူနိုက်တက် တောင်ပံ ကစားသမား မောင်မောင်လွင်ကို အာရှဘောလုံးအဖွဲ့ချုပ်(AFC)က စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦး အဖြစ် သတ်မှတ် ဖော်ပြလာပါတယ်။



မောင်မောင်လွင်က ရန်ကုန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်းမှာ လည်း အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။



အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်မှာတော့ မြန်မာနေရှင်နယ်လိဂ်ရဲ့ စောင့်ကြည့်ရတဲ့ ကစားသမားတစ်ဦးအ နေနဲ့ အင်ဒီရာနဲ့ မကစားခင် လိဂ်ပွဲမှာ ဇွဲကပင်နဲ့ ကစားခဲ့တုန်းက တစ်ဂိုးသွင်းခဲ့သလို ၂၀၁၈ တုန်းကလည်း ရန်ကုန်အသင်းကို သူ့ရဲ့ ဂိုးနဲ့အတူ ဇုန်ဆီမီးဖိုင်နယ်ကို ရောက်စေခဲ့သူလို့ ပြောထားပါတယ်။

မနှစ်က အုပ်စုတွင်းမှာတောာ့ မောင်မောင်လွင်က ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီအသင်းနဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။‌

တောင်ပံ နှစ်ဖက်စလုံးမှာကစားနိုင်သူ ဖြစ်ပြီး မနှစ်ကတုန်းက ရန်ကုန်အသင်းအတွက် အခွင့်အရေးကောင်းများစွာ ကိုဖန်တီးပေးထားနိုင်သူဖြစ်လို့ ဘရူနိုင်း ကလပ်အတွက် ဒီအချက်တွေက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရေး သားဖော်ပြလာတာပါ။

အခြားသော စောင့်ကြည့်ရမယ့် ကစားသမာားတွေအဖြစ် ကမ္ဘောဒီးယားကလ ပ် SVAY Rieng Fc အသင်း တိုက်စစ်မှူး ဘီဖိုလိုအမ်ဘာဂါ၊အင်ဒိုနီးရှားကလပ် ပီအက်စ်အမ်မာကက်စ်ဆာ အသင်းက နယ်သာလန်ဖွား မာ့ခ်ကလော့ခ်၊ပါလက်စတိုင်းကလပ် Hilal Al Quds အသင်းက မိုဟာမတ် ဒါဝစ်ရှ်၊ဘူတန်ကလပ် ပါရိုက ချန်ချို တို့ကို ရွေးချယ် ဖော်ပြလာပါတယ်။

ရန်ကုန်အသင်းကတော့ ဘရူနိုင်းကလပ်နဲ့ ခြေစစ်ပွဲ ၂ ကျော့ ကစားရမှာြဖစ်ပြီး အနိုင်ရရှိပါက ၂၀၂၀ AFC CUP ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ စတင်ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က