Football for School အခမ်းအနားမှာ ပြောဆိုတိုက်တွန်းခဲ့တာပါ။
Pyae Phyo Thein

ပြိုင်ဘက်အသင်းအပေါ်လေးစားမှုရှိဖို့၊ တစ်ဦးနဲ့တစ်ဦးကြားမှာ အပြန်အလှန်နားလည်မှုတွေနဲ့အတူ ကိုယ်စီအားနည်းချက်ရှိမှုတွေကို မျှတတွေးတတ်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။


မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ အနိုင်၊အရှုံးရလဒ်ကို ကောင်းကောင်းမွန်မွန်နဲ့ လက်ခံသင့်နိုင်အောင် ကြိုးစားသင့်တယ်လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ Football for School အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ကူညီပေးမှုနဲ့အတူ စတင်အကောင်အထည်ဖော်တော့မယ့် FIFA Football for School Program နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ပြိုင်ဘက်အသင်းအပေါ်လေးစားမှုရှိဖို့၊ တစ်ဦးနဲ့တစ်ဦးကြားမှာ အပြန်အလှန်နားလည်မှုတွေနဲ့အတူ ကိုယ်စီအားနည်းချက်ရှိမှုတွေကို မျှတတွေးတတ်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘောလုံးပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရန်ပွဲတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေမဖြစ်အောင် ထိန်းသိမ်းဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

"ကျွန်မတို့ဘောလုံးပွဲပရိသတ်ဟာ ဘောလုံးပွဲနိုင်တာ၊ ရှုံးတာကိုမကျေနပ်လို့ရှိရင် ဒိုင်လူကြီးကို ရိုက်ချင်တဲ့သူတွေ ပါလာတယ်၊ အဲဒါကတော့ လုံးဝမဖြစ်သင့်ပါဘူး၊ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သိက္ခာရှိရှိနဲ့ လက်ခံရပါမယ်၊ နိုင်ရင်လည်း အိန္ဒြေရရနဲ့ ကိုယ့်စိတ်ကိုနှိမ့်ချပြီး အနိုင်ယူရပါမယ်၊ ရှုံးရင်လည်း အရှုံးကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ရပါမယ်၊ ဒါကိုမှ ရင်မဆိုင်နိုင်ရင် တိုးတက်မှုရှိလာမှာမဟုတ်ပါဘူး"

"ရှုံးရင်တော့ ဟိုဘက်ကို ဆော်ချင်နှက်ချင်တဲ့စိတ်၊ နိုင်လို့ရှိရင်တော့ လက်သီးလက်မောင်းတန်းပြီး ကျောချင်တဲ့စိတ်၊ အဲဒါတွေက ကောင်းတဲ့စိတ်ဓာတ်မဟုတ်ပါဘူး၊ ဒါတွေက ကစားသမားတွေနဲ့တင်မဟုတ်ပါဘူး၊ ပရိသတ်တွေကလည်း ဒီလိုမြင့်မားတဲ့စိတ်ဓာတ်ကို မွေးမြူဖို့လိုအပ်ပါတယ်၊ ဒီလိုနားလည်သိလာမယ်ဆိုရင် အင်အားတွေဖြစ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်" လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ 

FIFA Football for School Program ကတော့ နိုင်ငံတိုင်းမှာ စီမံချက်ချမှတ်ဆောင်ရွက်သွားမယ့် အစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံက ပထမဆုံးအကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေခဲ့ပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ နိုင်ငံနဲ့တဝှမ်းစာသင်ကျောင်းတွေမှာ ပညာရေးနဲ့ အားကစားတွဲဖက်ပြီးတော့ လုပ်ဆောင်သွားမယ့် Program ဖြစ်ပါတယ်။ 



Author


က္က