ဒီကနေ့ ညနေ ၄ နာရီမှာကစားမယ်လို့ သိထားရပါတယ်။

ဒီကနေ့ ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး အနိုင်ရပါက မြန်မာအင်တာနေရှင်နယ်စီးရီးမှာ ချန်ပီယံဆု နဲ့ လွဲခဲ့တာကို အကောင်းဆုံး ချေဖျက်နိုင်မှာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ်သက်ထားသူဇာကတော့ ဒီကနေ့ ညနေ ၄ နာရီမှာ အိန္ဒိယက အသက် ၁၈ နှစ်အရွယ် ကြက်တောင်မယ် မယ်လ်ဗီကာဘန်ဆော့ဒ်နဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သက်ထားသူဇာအနေနဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် မြင့်တာကြောင့် ၃၂ သင့်အဆင့်ကို Bye ရခဲ့ပြီး ၁၆ သင်းအဆင့်ကနေ စတင်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။



မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာအနာဂတ်စီးရီးပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်မှာတော့ တိုင်ပေကစားသ မားကို ၂၁-၈၊၂၁-၁၆နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ သီရိလင်္ကာကစားသမားကို ၂၁-၁၅၊၂၁-၁၂တို့နဲ့ ဆက်လက်အနိုင်ယူကာ ဆီမီးဖိုင်နယ်မှာ အိန္ဒိယကစားသမားကို ၂၁-၁၀၊၂၁-၁၀ တို့နဲ့ ၃ ပွဲဆက် ၂ ပွဲပြတ်တွေနဲ့ အနိုင်ယူခဲ့တာပါ။

အလားတူ ဗိုလ်လုပွဲကို တက်လာတဲ့ အိန္ဒိယကစားသမားကလည်း သက်ထားသူဇာလို ပြိုင်ဖက်တွေကို ၂ ပွဲပြတ်နဲ့ပဲ အနိုင်ယူခဲ့တာပါ။

သက်ထားသူဇာအနေနဲ့ စီးရီးပြိုင်ပွဲတွေကို လိုက်လံ ယှဉ်ပြိုင်နေရတာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို မြန်မာ ကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ကစားခွင့်ရရှိရေးအတွက်ဖြစ်ပြီး လက်ရှိမှာတော့ အိုလံပစ် ဝင်ခွင့်အတွက်သတ်မှတ်အဆင့်ကို မီထားနိုင်ပြီဖြစ်ပါတယ်။

ဒီအဆင့်နဲ့ ရမှတ်တွေကို ကျမသွားပဲ တိုးသထက်တိုးလာအောင် ဝင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်မယ့် ၂၀၂၀ ဧပြီလမတိုင်ခင်အထိ ရှာဖွေ စုဆောင်းနိုင်သလောက် စုဆောင်းရမှာလည်း ဖြစ်ပါတယ်။



က္က