ပထမပိုင်းမှာ မယ်လာရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နေနိုင်ပေမယ့် ဒုတိယပိုင်းမှာ တန်းပနီ့စ်ရိုဗာအသင်းက သိသိသာ သာ ကစားအားတင်လာခဲ့ပြီးလိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းကာ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ပါ။
Photo - Tampines Rovers
အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲကို ဒီကနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်ယူနိုက်တက်နဲ့စင်ကာပူကလပ် တန်းပနီ့စ်ရိုဗာအသင်းတို့ သုဝဏ္ဏကွင်းမှာ ကစားခဲ့ကြပြီး စင်ကာပူကလပ် တန်းပနီ့စ် ရိုဗာအသင်းက ဒုတိယ ပိုင်း သွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်း ၁၃ မိနစ်မှာပင် ရန်ကုန်အသင်းက ဦးဆောင်ဂိုး ရခဲ့ပြီး ကွင်းလယ်လူ မေလာက သွင်းခဲ့တာပါ။ ဒီသွင်းဂိုးတစ်ဂိုးတည်းနဲ့ ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် တန်းပနီ့စ်ရိုဗာအသင်းက ဒုတိယပိုင်းမှာ ချေပ ဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းခဲ့တာပါ။
Photo - MNL
တန်းပနီ့စ်ရိုဗာအသင်းမှာ စင်ကာပူ လက်ရွေးစင်ဟောင်း ကစားသမားအချို့နဲ့ လက်ရှိ စင်ကာပူ လက်ရွေးစင် ကစားသမားတချို့ ပါဝင်လာတယ်လို့ သိရပြီး နောက်ခံဘူ ဒန်နီရယ် ဘန်းနက်ဒ်မှာ အသက် ၄၁ နှစ်အရွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ကစားသမား တစ်ဝက်နီးပါးက အသက် ၃၀ နှင့်ဝန်းကျင်ရှိနေပြီဖြစ်ပြီး တိုက်စစ်မှူး ခါရီရယ်အမ်မရီဆိုရင်လည်း အသက် ၃၃ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပထမပိုင်းမှာ ရာသီဥတု အပူဒဏ်များတာကြောင့် ရန်ကုန်အသင်းက အသာရခဲ့တာလို့ ယူဆရပြီး ဒုတိယပိုင်း နေအေးချိန်မှာတော့ တန်းပနီ့စ်ရိုဗာအသင်း သိသိသာသာ ကစားအားတင်လာနိုင်ခဲ့တာ တွေ့ရပြီး ဂိုးတွေကိုလည်း ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo - YUFC
အုပ်စုတွင်းက အခြား ပြိုင်ဖက်တွေ ဖြစ်တဲ့ ဟန်နွိုင်းနဲ့ နာဂါဝေါလ်အသင်းတို့က မြန်မာစံတော်ချိန် ညနေ ၆ ခွဲမှာ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ် အခြားသော အသင်းတစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကလည်း ဒီကနေ့ ညနေ ၆ နာရီတိတိမှာ ဖိလစ်ပိုင်ကလပ် စီးရက်စ်နဲ့ အဝေးကွင်း စတင်ကစားပါမယ်။