၂ ဂိုးစီသရေကျခဲ့တာပါ။

အခွင့်အရေးတွေကို အသုံးမချနို်င်ခဲ့တာကြောင့် ရန်ကုန်အနေနဲ့ အိမ်ကွင်းမှာ အုပ်စုတွင်းအဓိကပြိုင်ဘက်ကို သရေသာကစားနိုင်ခဲ့ပြီး တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ 


ဒီနေ့ညနေ ၃း၃၀ နာရီက ကစားခဲ့တဲ့ AFC Cup အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် နဲ့ ဟိုချီမင်းစီးတီးတို့ရဲ့ပွဲစဉ်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ

အားလုံးပါဝင်ခဲ့ကြပြီးတော့ နိုင်ငံခြားသားကစားသမားအစုံအလင်ထည့်သွင်းခဲ့ကြလို့လည်း အကြိတ်အနယ်ပိုရှိခဲ့ပါတယ်။

ရန်ကုန်မှာ မောင်မောင်လွင်၊ ကျော်ဇင်ထက်၊ သိန်းသန်းဝင်း၊ မောင်မောင်ဝင်း၊ အီမန်နူရယ်တို့ ပါဝင်ခဲ့သလို ဗီယက်နမ်ကလပ်ကလည်း ငုယင်ကောင်ဖောင်၊ ထရန်ဖီဆွန်၊ အာမီဒို၊ ပါပီတို့ပါဝင်ခဲ့ကြပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ပြီး

၁၁ မိနစ်မှာ ညာခြမ်းကဖြတ်တင်ပေးပို့မှုကနေ အာမီဒိုက ခေါင်းတိုက်ကာ ဟိုချီမင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် ရန်ကုန်က တိုက်စစ်ကိုမြှင့်ကစားခဲ့ပြီး သိပ်မကြာခင်မှာပဲ ချေပဂိုးပြန်ရခဲ့ပါတယ်။ ၁၅ မိနစ်မှာ မောင်မောင်လွင်ရဲ့ ဖန်တီးပေးမှုကနေ အီမန်နူရယ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ၄ မိနစ်အကြာမှာပဲ မောင်မောင်ဝင်းက ကွင်းလယ်လောက်ကနေ

သူ့ရဲ့ကန်သွင်းနေကျပုံစံအတိုင်းလှလှပပကန်သွင်းကာ ရန်ကုန်အတွက် ဦးဆောင်ပေးခဲ့ပါတယ်။ 

ဒီနောက်မှာ အပြန်အလှန်ကစားခဲ့ကြပြီးတော့ ဂိုးကန်သွင်းခွင့်တွေကိုယ်စီရရှိခဲ့ပါတယ်။ ၄၂ မိနစ်မှာတော့ ဟိုချီမင်းတို့ ချေပဂိုးပြန်ရခဲ့ပြီး ငုယင်ကောင်ဖောင်က ခေါင်းတိုက်သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ ၂ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အနိုင်ဂိုးရဖို့ နှစ်သင်းစလုံ

အားထည့်ကစားခဲ့ပေမယ့် တစ်သင်းနဲ့တစ်သင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။

လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး ပြင်ဆင်ခဲ့ကြပြီးနောက်မှာ ရန်ကုန်က အပိုင်အခွင့်အရေးနှစ်ကြိမ်ရရှိခဲ့ပါတယ်။ မောင်မောင်လွင်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဇင်မင်းထွန်းအနီးကပ်ပိတ်သွင်းယူခဲ့ပေမယ့် ဂိုးဘားပေါ်ကျော်သွားခဲ့လို့ နစ်နာခဲ့ရပြီး မိနစ် ၇၀ ကျော်မျာ အီမန်နူရယ် တစ်ဦးချင်းစီ

တွေ့ရတဲ့အနေအထားကနေ ကန်သွင်းမှုကလည်း လွဲချော်ခဲ့ရပါတယ်။ 

ဟိုချီမင်းစီးတီးကတော့ ဒုတိယပိုင်းမှာ ရန်ကုန်အသင်းကို ထိန်းချုပ်နို်င်ဖို့ကိုသာ အဓိကထားခဲ့ရပါတယ်။ အခွင့်အရေးရချိန်မှ ဂိုးသွင်းယူဖို့ အားထုတ်ခဲ့ပြီး ရန်ကုန်က ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုခဲ့တဲ့တိုင်း အခွင့်အရေးတွေကို အသုံးမချနို်င်ခဲ့တာကြောင့် 

ရန်ကုန်အနေနဲ့ အိမ်ကွင်းမှာ အုပ်စုတွင်းအဓိကပြိုင်ဘက်ကို သရေသာကစားနိုင်ခဲ့ပြီး တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ 



က္က