ရန်ကုန်နည်းပြ ဦးတင်မောင်ထွန်းအတွက် နည်းပြချုပ်အဖြစ်နဲ့ မရဖူးသေးတဲ့ ဆုဖလားဖြစ်တာကြောင့် ပထမဆုံး ဆွတ်ခူးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့မှာ ကစားမယ့် မြန်မာနေရှင်နယ်လိဂ်ကွင်းဖွင့်ချာရတီဖလား ပြိုင်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီနေ့ နေ့လည်ပိုင်းက သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
ဒီပွဲကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် ရန်ကုန်အသင်းက အိမ်ကွင်းအားသာချက် ရှိနေမလားဆိုတဲ့ DuwunSports ရဲ့ မေးခွန်းအပေါ်မှာတော့ ရန်ကုန်နည်းပြချုပ် ဦးတင်မောင်ထွန်းက အခုလို ပြန်ဖြေခဲ့ပါတယ်။
“ အိမ်ကွင်းကတော့ အနည်းနဲ့အများအားသာချက်ရှိတာပေါ့၊အခုလို အိမ်ကွင်းကစားရတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အားသာချက်အနည်းငယ်တော့ ရှိပါတယ်။ပရိသတ်ကလည်း လာကြမှာလေ။မူလက ပဲခူးကွင်းလို့ သိထား ပေမယ့် အခုလို ကျွန်တော်တို့ကွင်းမှာကစားဖြစ်တာကြောင့်လည်း ဘာပဲ ဖြစ်ဖြစ် နှစ်ဖက် အသင်းအတွက်လည်း အဆင်ပြေပါတယ်။ရှမ်းမှာဆိုရင်လည်း ကစားသမားအများစုက ရန်ကုန်မြို့က ကစားသမားတွေဆိုတော့ သူတို့ လည်း ဒီမှာ အခြေချလိုက်တော့ ပိုအဆင်ပြေသွားတာပေါ့။”လို့ဦးတင်မောင်ထွန်းက ပြောပါတယ်။
ရှမ်းယူနိုက်တက်အသင်းရဲ့ ဥက္ကဌ ဦးခွန်နောင်မြင့်ဝေကိုယ်တိုင်က မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး မှာ ရန်ကုန်အသင်း အိမ်ကွင်းမှာ ချာရတီကွင်းဖွင့်ဖလားကို ကစားတာ အကောင်းဆုံး ဖြစ်တယ်လို့ သဘောတူညီခဲ့ တာလို့လည်း သိရပါတယ်။
ဒီပွဲကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ကစားမှာ ဖြစ်ပြီး နည်းပြ နှစ်ဦးစလုံးအတွက် မှတ်ကျောက် တင်ရမယ့် ကွင်းဖွင့်ဖလားလည်း ဖြစ်နေခဲ့ပါတယ်။