ပုသိမ်ဇုန်ရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ဒေသခံ အိမ်ရှင်အသင်း ၄ သင်းနဲ့ ဧည့်သည်အဝေးကွင်းအသင်း ၄ သင်းတက်လှမ်းလာပေမယ့် ဆီမီးဖိုင်နယ်အဆင့်ကိုတော့ အိမ်ရှင်၃သင်းထိ တက်လှမ်းနိုင်ခဲ့တာပါ။
MYANMAR ကအဓိက စီစဉ်ကျင်းပနေတဲ့ 2019 WE ARE ONE CUP ပြိုင်ပွဲရဲ့ ပုသိမ်ဇုန်မှာတော့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အိမ်ရှင်အသင်း သုံးသင်းနဲ့ ဧည့်သည် အဝေးကွင်း တစ်သင်း ဆီမီးဖိုုင်နယ်ကို တက်လှမ်းလာပါတယ်။
အိမ်ရှင်အသင်းတွေအဖြစ် နယူးဟော်လန်အက်ဖ်စီ၊ရိန်းဂျားအက်ဖ်စီနဲ့ဂလက်ဆီအက်ဖ်စီတို့ဖြစ်ပြီး ဧည့်သည်အ သင်းကတော့ဟင်္သာတက ခမောက်စုအက်ဖ်စီအသင်းတို့ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ၁၄ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့်သြဂုတ် ၂၀ နဲ့ ၂၁ တွေမှာ ဆက်လက်ကျင်းပမယ်လို့ WE ARE ONE CUPက သတင်းထုတ်ပြန်ထားပါ တယ်။
ဆီမီးဖိုင်နယ် ပွဲစဉ်၁ အဖြစ် သြဂုတ် ၂၀ ရက်နေ့မှာ နယူးဟော်လန်နဲ့ခမောက်စု၊သြဂုတ် ၂၁ မှာ ရိန်းဂျားနဲ့ဂလက်ဆီ အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြပါမယ်။
နောက်ဆုံး ဗိုလ်လုပွဲစဉ်ကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက တောင်ကြီးမြို့မှာဆက်လက်ကျင်းပမယ့် Grand Final ပြိုင်ပွဲကြီးကို ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့်ရပါမယ်။