ဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားကို ၄-၃ နဲ့ အရေးနိမ့်ခဲ့ရတာပါ။

အင်ဒိုနီးရှားအသင်းကို ဆီမီးဖိုင်နယ်မှာ သူတင်ကိုယ်တင်ကစားပြီး ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗီယက်နမ်နဲ့ တတိယနေရာလုရမှာပါ။

အာဆီယံဖူဆယ်ချန်ပီယံရှစ်မှာ မြန်မာအသင်းအနေနဲ့ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ တတိယ နေရာလုပွဲကစားရဖို့ ရှိနေပါတယ်။



ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အိမ်ရှင်ဗီယက်နမ်က ထိုင်းကိုု ၂-၀ နဲ့ လည်းကောင်း မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၄-၃ နဲ့ လည်းကောင်း အသီးသီး အရေးနိမ့်ခဲ့ကြတာပါ။



ဒါကြောင့် ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံထိုင်းနဲ့ အင်ဒိုနီးရှားတို့ တွေ့ဆုံနေပြီး မြန်မာက အိမ်ရှင်ဗီယက်နမ်နဲ့ တတိယနေရာလုရမှာပါ။

ယခုပွဲမှာ ဗိုလ်လုပွဲတက်လှမ်းသွားတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကတော့ ၂၀၂၀ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင် ရောက်ခွင့်ရခဲ့ပြီဖြစ်ပြီး တတိယနေရာလုပွဲမှာ အနိုင်ရတဲ့ တစ်သင်းကလည်း ဝင်ခွင့်ရမှာပါ။

မြန်မာအသင်းကတော့ ၂၀၁၇ ခုနှစ်တုန်းက ဗီယက်နမ်အသင်းနဲ့ တတိယနေရာလုပွဲအဖြစ် ဆုံဖူးပြီး အဲ့ဒီတုန်းက ၂ဂိုးစီသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မြန်မာက ၄-၃ ဂိုးနဲ့ အနိုင်ရဖူးပါတယ်။



က္က