ရှမ်းယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Kyaw Ko Ko Sint

၂၀၁၅ မှာမြန်မာ ယူ-၂၀ အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် စတင် နာမည်ရလာခဲ့ပြီး လက်ရှိ ရှမ်းယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက်အားထားရတဲ့ ဘယ်နောက်ခံလူတစ်ဦး ဖြစ်နေပါပြီ။

ရှမ်းယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင်နောက်ခံလူ နန္ဒကျော်က လာမယ့်နှစ် ဘောလုံးရာသီမှာ ပြည်ပ ထွက်ကစားဖို့ ရည်ရွယ်ထားတယ်လို့ DuwunSportsကို ပြောလာပါတယ်။



“ ပြည်ပထွက်ကစားရင် ကျွန်တော် အတွေ့အကြုံကောင်းတွေ ပိုရလာမယ်လို့ ယုံကြည်ပါတယ်၊ဒါကြောင့်လာ မယ့်နှစ်တော့ပြည်ပထွက်ကစားဖို့ ရည်ရွယ်ထားပါတယ်။ အေးဂျင့်တွေကတော့ ချိတ်ပေးမယ့် အ သင်းတွေရှိ တယ်လို့တော့ ပြောထားတယ်။ အသင်းအတိအကျတော့မသိရသေးဘူး။” လို့ နန္ဒကျော်က ပြောပါတယ်။

နန္ဒကျော်က မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ဘယ်နောက်ခံလူဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း အဓိက ပါဝင်ခဲ့သူပါ။

ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းအတွက်လည်း အားထားရတဲ့ အတွေ့အကြုံရင့် မြန်မာ့လက်ရွေးစင် ဘယ်နောက်ခံလူဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။



“ကျွန်တော်ကတောာ့ ကစားချင်တာကတော့ လိဂ်(၁)မှာကစားချင်တာပေါ့၊ဒါပေမယ့် အတွေ့အကြုံကောင်းတွေ ရမယ်ဆိုရင်ဘယ်မှာပဲ ဖြစ်ဖြစ် ကစားချင်ပါတယ်။” လို့လည်း နန္ဒကျော်က ဆက်လက်ပြောခဲ့ပါတယ်။

နန္ဒကျော်ရဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ဆုဖလားကြီးကို ရှုံးပွဲမရှိ စံချိန်နဲ့ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့သလို လာမယ့် စက်တင်ဘာလ ၂၄ရက်နေ့မှာ ရန်ကုန်အသင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဗိုလ်လုပွဲ ကစားရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က