ရန်ကုန်နည်းပြသစ်အဖြစ် ပွဲဦးထွက်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးမြူးနေခဲ့တဲ့ ရတနာပုံအသငး်ဟာ ရန်ကုန်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး လှိုင်းဘိုဘိုရဲ့ အလွတ်တည်ဘောကန်သွင်းယူမှုက လမ်းကြောင်းပြောင်းပြီး ဂိုးဝင်ခဲ့လို့ တစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။


ရတနာပုံအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက ကစားကွက်ကို အနည်းသာအပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ ရန်ကုန်အသင်းနည်းပြချုပ်ဦးမင်းထွန်းလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဦးမင်းထွန်းလင်းဟာ သူ့ရဲ့ ရန်ကုန်နည်းပြဘဝ ပထမဆုံးပွဲမှာပဲ အစဉ်အလာပြိုင်ဘက်ရတနာပုံအသင်းကို ၃-၁ နဲ့ အနိုင်ရရှိအောင် ညွှန်ကြားနိုင်ခဲ့သူဖြစ်ပါတယ်။

ရန်ကုန်အသင်းအနေနဲ့ ဟံသာဝတီကို အရေးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ်ဦးတင်မောင်ထွန်းကို အကယ်ဒမီမှာ ပြောင်းလဲခန့်အပ်ခဲ့ပြီး ဦးမင်းထွန်းလင်းကို နည်းပြချုပ်သစ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ ရတနာပုံနဲ့ပွဲမှာ ဦးမင်းထွန်းလင်းက ကစားသမားတချို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့ကာ အဖွင့်လှခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးမြူးနေခဲ့တဲ့ ရတနာပုံအသငး်ဟာ ရန်ကုန်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး လှိုင်းဘိုဘိုရဲ့ အလွတ်တည်ဘောကန်သွင်းယူမှုက လမ်းကြောင်းပြောင်းပြီး ဂိုးဝင်ခဲ့လို့ တစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။ အောင်သူဦးဆောင်တဲ့ ရတနာပုံတိုက်စစ်အနေနဲ့ ဂိုးရဖို့ အားထုတ်ခဲ့ရပြီး ပြိုင်ဘက်အသင်းခံစစ်နဲ့ ဂိုးသမားကျော်ဇင်ထက်တို့က အကောင်းဆုံးဟန့်တားနိုင်ခဲ့ပါတယ်။ 


"ခံစစ်ချည်းကိုပဲ ကျွန်တော်ပြင်ဆင်တာတော့မဟုတ်ပါဘူး၊ ဘောလုံးဆုံးရှုံးသွားနဲ့ ကျွန်တော့်ကွင်းဘက်ခြမ်းမှာ နေရာပြန်ယူတယ်၊ ပြီးတော့ ခံစစ်ကိုလုံခြုံအောင် ကစားစေတယ်၊ ဘောလုံးရချိန်မှာ ဘယ်လိုမြန်မြန်သွားမလဲ၊ အဲဒါလေးကို ကျွန်တော်ရတဲ့အချိန်တိုအတွင်းမှာ သူတို့ကို Message လေးတွေ ပေးတယ်ပေါ့၊ ပြီးခဲ့တဲ့ပွဲစဉ်တွေက ကစားကွက်ကို အခြေခံပြီး အပြောင်းအလဲနည်းနည်းပဲလုပ်ခဲ့တာပါ" လို့ ဦးမင်းထွန်းလင်းက ပြောဆိုခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်ဟာ ဦးမင်းထွန်းလင်းရဲ့ ရန်ကုန်နည်းပြချုပ်အဖြစ် ပထမဆုံးပွဲဖြစ်တာရော၊ ရန်ကုန်နဲ့ ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တာကြောင့်ပါ မြန်မာနေရှင်နယ်လိဂ်ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမင်းထွန်းလင်းက ဒီနိုင်ပွဲဟာ လာမယ့်ပွဲတွေအတွက်လည်း တော်တော်လေးအထောက်အကူပြုလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"လာမယ့်ပွဲတွေအတွက် ကစားသမားတွေယုံကြည်မှုရှိလာမှာပါ၊ ရတနာပုံလို အသင်းမျိုးကို အနိုင်ရတဲ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာအရ အထောက်အကူပြုပါတယ်" လို့ ဦးမင်းထွန်းလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ရန်ကုန်ကတော့ လာမယ့်ပွဲစဉ်အဖြစ် စစ်ကိုင်းယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က