Yangon League မှာ ဝင်ရောက်ကစားမှာပါ။

သက်နိုင်က Professional အသင်းအတွက်ဒုတိယမြောက် ခေါ်ယူကစားတဲ့ မသန်စွမ်း ကစားသမားဖြစ်ပြီး ယခင် ၂၀၁၇ WE ARE ONE CUP ပြိုင်ပွဲတုန်းကလည်း မသန်စွမ်း ကစားသမားတစ်ဦးကို ခေါ်ယူ ကစားခဲ့ဖူးတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ Yangon League ဘောလုံးပြိုင်ပွဲဝင် Professional အသင်းကတော့ လက်ရှိ လူဝယ်ရာသီမှာကစားသမားသစ်ဖြည့်တင်းမှုတွေ ပြုလုပ်နေရာမှ မြန်မာ့လက်ရွေးစင် မသန်စွမ်း ကစားသမား သက်နိုင်ကို ခေါ်ယူခဲ့ပြီလို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။



သက်နိုင်က မြန်မာ့လက်ရွေးစင် မသန်စွမ်းအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး အခုလို သက်နိုင်ကို ခေါ်ယူဖြစ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး Professional အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ကိုနန္ဒက DuwunSportsကို ရှင်းလင်းပြောပြပါတယ်။



“အဓိကတော့ မသန်စွမ်းအဖွဲ့ချုပ်က အမြဲတမ်း ဘောလုံးလောကကို အကူအညီပေးခဲ့တယ်၊ဒါကြောင့် ကျွန်တော်တို့ဖက်ကလည်း တတ်နိုုင်သလောက် ပြန်ပြီး ကျေးဇူးပြုချင်တာကြောင့် အခုလို လုပ်ဆောင်ရတာပါ။ပြိုင်ပွဲကျင်းပရေးနဲ့ အခြားသော ပြိုင်ပွဲဝင်ကလပ်အသင်းတွေကလည်း လက်ခံပေးကြပါ တယ်။”လို့ကိုနန္ဒက ရှင်းလင်းပြောပါတယ်။

သက်နိုင်ကို ပထမဆုံးစတင်ကစားမယ့်ပွဲမှာ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေနဲ့အတူ ပြိုင်ဖက်အသင်း ကစားသမားတွေ အားလုံးစုပေါင်းပြီး ဂုဏ်ပြု ကြိုဆိုမယ့် အစီအစဉ်တွေ ပြုလုပ်ပေးသွားဦးမှာဖြစ်ပြီး အမှတ်တရ လက်ဆောင်တွေလည်း ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


သက်နိုင်ကတော့ အခုမှသာမန်လူတွေနဲ့အတူ ဘောလုံး ကစားတာ မဟုတ်ပဲ ယခင်ကတည်းက ပရဟိတ ပွဲတွေကို သာမန်လူတွေနဲ့အတူ ပူးပေါင်းပြီး ကစားလေ့ရှိသူ တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

Yangon League ကတော့ လက်ရှိမှာ လူဝယ်ရာသီအဖြစ် ဇွန်လ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ တစ်လ တိတိ ဖွင့်လှစ်ပေးထားပြီး ဒုတိယအကျော့ကို ပြန်လည်စတင်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က