၂၀၁၉ ခုနှစ်အတွင်း မုံရွာမှာ ကျင်းပမယ်လို့ သိထားရပါတယ်။

GTG နဲ့ WLC တို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ အမှတ်ပေးစနစ်နဲ့ အလဲထိုးစနစ် ၂ မျိုးလုံးပါဝင်တဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို နိုင်ငံတာနဲ့ရင်ဘောင်တန်းပြီး အမှတ်ပေးစနစ်နဲ့ ကျင်းပနေတဲ့ WLC(ကမ္ဘာ့ လက်ဝှေ့ချန်ပီယံရှစ်)နဲ့ ရိုးရာလက်ဝှေ့ကို ရိုးရာနည်းအတိုင်း အလဲထိုးစနစ်နဲ့ ကျင်းပနေတဲ့ GTG(Great Tiger Group)တို့ဟာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းပြီး ပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့ WLC တည်ထောင်သူ ဦးဇေသီဟက သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။



WLC အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို အမှတ်ပေးစနစ်နဲ့ ကျင်းပလာတာ ၈ ကြိမ်ရှိနေပြီ ဖြစ်ပြီး လာမယ့် ၉ ကြိမ်မြောက် WLC-9ကိုတော့ မန္တလေးမြို့မှာ လာမယ့်သြဂုတ်လ ၂ ရက်နေ့မှာ ထပ်မံကျင်းပမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

GTG နဲ့ ပူးပေါင်း ကျင်းပမယ့် WLC-10 ကိုတော့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ကျင်းပသွားမယ်လို့ သိထားရပြီး မုံရွာမြို့မှာကျင်းပမယ်လို့လည်း သိရပါတယ်။ ကျင်းပမယ့် ေ့န့ရက်အတိအကျကိုတော့ မသိရသေးပေမယ့် မြန်မာနိုင်ငံမှာ အလဲထိုးစနစ်ရော အမှတ်ပေးစနစ်ရော ပြိုင်ပွဲတစ်ခုတည်းမှာ ပထမဆုံး ကျင်းပတာကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ ကျင်းပမယ့် WLC-9 မှာတော့ မကြာသေးခင်ကမှ ဒုတိယ ဥက္ကဌ တာဝန်ကို ယူထားတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်က အမေရိကန်က UFC ဖိုက်တာဟောင်း ဆာဘက်ဇင်စကီးနဲ့ ထိုးသတ်သွား မယ့်ပွဲအပါအဝင် အခုတစ်ကြိမ်ပြိုင်ပွဲက တွဲဆိုင်းတွေက WLC ပြိုင်ပွဲရဲ့ တစ်နှစ်တာအတွင်း အမိုက်ဆုံးတွဲဆိုင်း တွေ ဖြစ်လာမယ်လို့လည်း ဦးဇေသီဟက ဖော်ပြထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က