မနေ့က ပထမဆုံးလေ့ကျင့်ခန်းစတင်ခဲ့ပါတယ်။

ဆူဇူကီးဖလားကြောင့် အိမ်ပြန်သွားရတဲ့ အန်တိုနီဟေးတစ်ယောက် ဒီတစ်ကြိမ်မှာတော့ ဆူဇူကီးဖလားမှာ သူကျခဲ့တဲ့သိက္ခာတွေကို ပြန်အဖတ်ဆယ်နိုင်မှာလားဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ယခင်နည်းပြဟောင်း အန်တိုနီဟေးကို မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က ထုတ်ပယ်လိုက်ပြီဖြစ် တဲ့ မွန်တီနီဂရိုးနည်းပြ ရာဂျူလိုဗစ်နေရာမှာ အစားထိုးခန့်အပ်ထား လိုက်ပြီဖြစ်ပါတယ်။



မနေ့က အသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်စတင်ခဲ့ပေမယ့်လည်း အန်တိုနီဟေးနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ကြားတရားဝင် သဘောတူညီမှု စာချုပ် ချုပ်ဆိုရခြင်းမရှိသေးပဲ ၂ နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုမယ်လို့ မြန်မာနိုင်ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်ေးရးမှူး ဦးကိုကိုသိန်းက မနေ့ က ပြုလုပ်ခဲ့တဲ့ ဧရာဝတီဘဏ်ရဲ့ထောက်ပံ့ငွေပေးအပ်ပွဲစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားမှာ မီဒီယာတွေ ကို ပြောပါတယ်။

“ စာချုပ်ကို ၂ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရထားပါတယ်။တစ်ရက်နှစ်ရက်အတွင်းစာချုပ်ပါမယ်။အဓိက ကတော့သူနဲ့ချုပ်ဆိုမယ့်စာချုပ်မှာ AFF SUZUKI CUP အောင်မြင်မှုရဖို့ဆိုတဲ့သဘောတူညီတစ်ခု ထည့်ထားပါ တယ်။"”လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

အန်တိုနီဟေးကတော့ ၂၀၁၈ ခုနှစ်က မေလ ၁၆ ရက်နေ့မှာ ပထမအကြိမ် မြန်မာ့လက်ရွေးစင် နည်းပြချုပ်သစ် အဖြစ် ကြေညာခြင်း ခံခဲ့ရပြီး ယူ-၂၃၊စီနီယာ လက်ရွေးစင်အသင်းတွေကို တာဝန်ယူခဲ့ပါတယ်။

ယူ-၂၃ အသင်းနဲ့အတူ အာရှအားကစားပွဲတော်ကို ဝင်ပြိုင်ရမှာ ရမှတ်တွေကောင်းခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ အုပ်စုကနေ ပြန်လှည့်ခဲ့ရပါတယ်။



အဲ့နောက် လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ဆူဇူကီးဖလား ဆက်နွှဲခဲ့ပြီး အုပ်စုတွင်း ၄ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

အဲ့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အန်တိုနီဟေးကို ထုတ်ပယ်ပြီး ရာဂျူလိုဗစ်ကို မခန့်အပ်နိုင်ခင်ကြား ထဲမှာ ပြည်တွင်းလူငယ်နည်းပြ ဦးမျိုးမင်းထွန်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ခြေစမ်းပွဲ ၂ ပွဲကစားစေခဲ့ ပြန်ပါတယ်။

အခုတစ်ခါ ရာဂျူလိုဗစ်က ၂၀၂၂ ခြေစစ်ပွဲမှာ ရဂိုးလုံးဝမရှိ၊ရမှတ်လုံးဝမရှိချိန်မှာတော့ အန်တိုနီဟေးကို ပြန်ခန့် ခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ၂၀၂ ဆူဇူကီးဖလားကို ပစ်မှတ်အဖြစ်ပေးထားတာပါ။



က္က