ရတနာပုံအသင်း ပြန်အပ်မယ်လို့ လူမှုကွန်ရက်မှာ ဒီမနက်ပိုင်းက သတင်းပျံ့နှံ့လာတာပါ။

ကလပ်ကို ပြန်အပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အကြောင်းရင်း အတိအကျကိုတော့ မသိ ရသေးပါဘူး။

မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံ အက်ဖ်စီအသင်းအနေနဲ့ အသင်းပြန်အပ်တော့မယ်လို့ ဒီကနေ့ မနက် ပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။



ဒီသတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် Duwun Sportsက ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်းကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ - “ အသင်းပြန်အပ်မယ့် သတင်းတွေ အရမ်းထွက်နေလား….? ဟုတ်ပြီ ဒီအချိန်မှာတော့ ဒီကိစ္စအပေါ် ကျွန်တော် ပြတ်ပြတ်သားသား မပြောနိုင်သေးပါဘူး။” လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ရတနာပုံအသင်းကတော့ ဒီနှစ်မှာ ပြည်တွင်းကစားသမားတွေနဲ့သာ စုဖွဲ့ထားပြီးလူငယ်ကစားသမားများစွာကို လက်ရွေးစင် ကစားသမားဖြစ်အောင် မွေးထုတ်ပေးနေတဲ့ အသင်းဖြစ်ပါတယ်။။

၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်တည်ထောင်ချိန်ကတည်းက ပါဝင်လာခဲ့တဲ့ အသင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ရဲ့ ဦးဆုံးဆုဖလားကို ကိုင်မြှောက်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ဆုဖလားကို ၂ နှစ်ဆက် ပထမဆုံး ရယူခဲ့သလို စုစုပေါင်း ၄ ကြိမ်အထိ ဆွတ်ခူးထားနိုင် တဲ့ အသင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က