ဒုတိယပိုင်းမှာ နှစ်ဖက် သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပြီး ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုးအရင်သွင်းကာ ရန်ကုန်က ချေပဂိုး နောက်က လိုက်သွင်းခဲ့တာပါ။
၂၀၂၀ မြန်မာနေရှင်နယ်လိဂ် အကြို ကစားခဲ့တဲ့ ချာရတီ ကွင်းဖွင့်ဖလား ဗိုလ်လုပွဲမှာတော့ ရှမ်းယူနိုက် တက်က ရန်ကုန်ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ၂ နှစ်ဆက် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းအတွက် ဂိုးတွေကိုတော့ ကိသ်မာတူနာနဲ့ ရဲမင်းသူတို့က သွင်းယူပေးခဲ့ပြီး ရန်ကုန်အတွက်တစ်လုံးတည်းသော ချေပဂိုးကိုတော့ ရန်ပိုင်စိုးက သွင်းယူပေးခဲ့တာပါ။
အခုပွဲက ရန်ပုံငွေပွဲဖြစ်တာနဲ့အညီ ရရှိလာတဲ့ ကွင်းဝင်ကြေး သိန်း ၁၅၀ ကို ပရဟိတအဖွဲ့ ၅ ဖွဲ့ကို လှူဒါန်းခဲ့ပါတယ်။
ချာရတီကွင်းဖွင့်ဖလားပွဲကတောာ့ ရန်ကုန်နဲ့ ရှမ်းအသင်းတို့သာ ဗိုလ်လုတာ ၃ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး ရန်ကုန် အသင်းက ၂၀၁၈မှာ တစ်ကြိမ် ချန်ပီယံ ဖြစ်ပြီး ရှမ်းအသင်းကတော့ ၂၀၁၉ နဲ့ ယခုနှစ် ၂၀၂၀ မှာ ချန်ပီယံ နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာပါ။