လစ်လပ်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးသာမက အခြားသော စိတ်ဝင်စားဖွယ် မြန်မာ့ဘောလုံးလောက သတင်းတွေကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့ မျှော်လင့်ရ ပါတယ်။
(နောက်ဆုံးထုတ်ပယ်လိုက်တဲ့ ဂျာမနီလူမျိုးနည်းပြ အန်တွန်နီဟေး)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်ကနေ စတင်ပြီး မြန်မာ့ဘောလုံးလောကအတွက် ရှေ့ဆက်လုပ် ဆောင်သွားမယ့် အကြောင်းအရာတွေကို လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ထုတ်ဖော်ပြောသွားမယ်လို့ သိရပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေအရ လစ်လပ်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာထူး၊ အာရှ ယူ-၂၂ ခြေစစ်ပွဲကစားဖို့ ရှိနေတဲ့ ယူ-၂၂ အသင်းအတွက် အနာဂတ် အစီအစဉ်တွေ၊ ယူ-၁၈ အသင်း အတွက် အနာဂတ် အစီအစဉ်တွေသာမက အခြားသော မြန်မာ့ဘောလုံးလောကအတွက် သက်ဆိုင်သမျှ သ တင်းတွေကို အကြောင်းရင်းနဲ့တကွ ထုတ်ဖော်ပြောကြားပေးသွားမယိလို့ မျှော်လင့်ရပါတယ်
“ကျွန်တော်တို့ ၂၀၁၉ ကနေစပြီး မြန်မာ့ဘောလုံးလောကအတွက် ရေရှည် စီမံကိန်းတွေ လုပ်ဆောင်သွားမယ့် အကြောင်းတွေကို ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးပါမယ်။ဒီကြားထဲမှာတော့ သတင်းထုတ်ပြန်ဖို့ မရှိပါဘူး။သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းကလည်း ကျွန်တော်တို့ လုပ်ဆောင်လိုက်ရတဲ့ အကြောင်း ရင်းကို ဘာကြောင့် လုပ်ဆောင်ဖြစ်လဲဆိုတာကိုပါ အတိအကျ ထုတ်ပြန်ချင်တာကြောင့်ပါ။” လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က DuwunSports ကို ပြောပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အတွက် လာမယ့် ၁၀ ရက်နေ့မှာ လျှောက်လွှာလက်ခံခြင်းကို နောက်ဆုံးထားဆောင်ရွက်သွားမှာလို့ ပြောထားပြီး ၁၆ ရက်နေ့ မှာ အသစ်ဖြစ်လာမယ့် မြန်မာအသင်းနည်းပြကို သိရဖွယ်လည်း ရှိနေပါတယ်။