၂-၁ဂိုးနဲ့သာ အနိုင်ရခဲ့တာပါ။

တိုက်စစ်မှူးတွေဖြစ်တဲ့ သန်းပိုင်နဲ့ အီမန်နူရယ်တို့ အပိုင်ဂိုးသွင်းခွင့်အချို့ကို အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲ မဖန်တီးနိုင်ခဲ့တာပါ။

ရန်ကုန်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် (၁)ရဲ့ ရန်ကုန်နဲ့ချင်း အသင်းတို့ရဲ့ ပွဲမှာတော့ ရန်ကုန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။



သွင်းဂိုးတွေကိုတော့ ရန်ကုန်က သန်းပိုင်က ပွဲချိန် ၂၄ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေမယ့် ချင်းအသင်းအတွက် ချေပ ဂိုးကို ကျော်မင်းသန်းက ပထမပိုင်းပြီးလို့ နာကျင်အချိန်ပို ၂ မိနစ်အတွင်းမှာ ပြန်သွင်းခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရန်ကုန်အသင်း လူစားလဲမှုများစွာ ပြုလုပ်ခဲ့ပြီး လိုအပ်နေတဲ့ အနိုင်ဂိုးကို ရှာဖွေခဲ့ပေမယ့်တိုက်စစ်မှူးတွေဖြစ်တဲ့ သန်းပိုင်နဲ့ အီမန်နူရယ်တို့ အဆုံးသတ်အားနည်းနေမှုကြောင့် ဂိုးမရပဲ ရှိနေခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ရန်ကုန်အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို လူစားဝင် တိုက်စစ်မှူး အီမန်နူရယ်က ပိတ်သွင်းရယူပေးခဲ့လို့ ပွဲအပြီးမှာ ရန်ကုန်အသင်း အဖွင့် ၃ မှတ်ရခဲ့ပါတယ်။



ရန်ကုန်အသင်း တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ သန်းပိုင် အခုပွဲမှာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ထက် မနည်းရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို မောင်မောင်လွင်ရဲ့ ထောင့်ကန်ဘောက တိုက်ရိုက်ကန်သွင်းချက် ဂိုးသမားကို ကျော်ဝင်ခဲ့ပေမယ့် နောက်ခံလူခံနေလို့ နစ်နာခဲ့ရပါတယ်။

ချင်းအသင်းကတော့ တန်းတက်အသင်းပီပီ ရန်ကုန်အသင်းကို ရှိတဲ့အားနဲ့ အကောင်းဆုံး တုံ့ပြန်ကစားခဲ့ပေမယ့် ရန်ကုန်အသင်းကသာ ဂိုးသွင်းခွင့်နဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က