၂၀၂၀ထဲမှာ ၈ ဘီလီယံလောက် သုံးစွဲဖို့ စီစဥ်နေတယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

ကျော်မင်းဦး၊ငြိမ်းချမ်းအောင် စတဲ့ ကစားသမားခွဲစိတ်မှုနဲ့ အခြားသော တိုက်ရိုက် အသုံးစရိတ်တွေကို ဦးဇော်ဇော်ရဲ့ စိုက်ထုတ်ငွေအဖြစ်သာ သုံး စွဲခဲ့ပြီး အဖွဲ့ချုပ်အသုံးစရိတ်ပြန်မတင်ခဲ့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် ၂၀၂၀ ခုနှစ် ဘဏ္ဌာရေးနှစ်အတွက် အသုံးစရိတ် တွက်ချက်ထားရာမှာ လိုငွေ သိန်း ၂ သောင်းပြနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောသွားပါတယ်။



ခန့်အပ်ထားတဲ့ နိုင်ငံခြားသား နည်းပြတွေအပါအဝင်၊ ပြိုင်ပွဲတွေအတွက် အသုံးစရိတ်နဲ့ အခြားသော အထွေထွေ အသုံးစရိတ်တွေကို ဖီဖာနဲ့ အခြားစပွန်ဆာတွေဆီက ရရှိထားတဲ့ စပွန်ဆာဝင်ငွေနဲ့ ကိုက်ညီမှု ပြုလိုက်ချိန်မှာ အသုံးစရိတ် သိန်း ၂ သောင်းလောက် လိုငွေ ပြနေတာပါ။

“ လိုငွေအတွက် စပွန်ဆာထပ်ရှာရမယ်၊ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် စိုက်ထုတ်ရမယ့် အခြေအနေမှာ ရှိပါတယ်။နှစ်တိုင်းလည်း ဒီလိုပဲ လုပ်နေရတာပါပဲ။အခုလို ကွန်ဂရက်ပွဲကြီးကိုလည်း အဖွဲ့ချုပ်စရိတ်မဟုတ်ပဲ ကျွန်တော့်စရိတ်နဲ့ ကျင်းပတာပါ။အချို့ဘောလုံးသမားတွေအတွက် ဆေးကုသစရိတ်၊ဘောလုံးသမားဟောင်းကြီး တွေ ပံ့ပိုးမှု၊မဖြစ်မနေ လိုအပ်လို့လုပ်ရတဲ့ဟာမျိုးကအဖွဲ့ချုပ်အသုံးစရိတ်ထဲမရောက်ပဲ တိုက်ရိုက်စိုက်ထုတ်ရတာ ရှိတယ်။အဲ့ဒါကတော့ ကျွန်တော့်အနေနဲ့ပဲ ထောက်ပံ့ရတာပါ။”လို့ ဦးဇော်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ မှာ ၆ဘီလီယံလောက်သုံးခဲ့ပြီး ၂၀၂၀ မှာတော့ ၈ ဘီလီယံလောက်ပိုသုံးဖို့ မှန်းထားတဲ့ အကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ၂၀၁၉မှာ လိုငွေ သိန်း၆ထောင်လောက်ရှိခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊အာရှဘောလုံးအဖွဲ့ချုပ်က ထောက်ပံ့ငွေတွေကို ပြန်သုံးတဲ့အခါမှာ သီးခြားအသုံးစရိတ်တွေကိုတော့ ပြန်လည်ရှင်းတမ်းမတင်ပဲ ဦးဇော် ဇော်ရဲ့ စိုက်ထုတ်သုံးစွဲမှုနဲ့သာ လုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

“ကျွန်တော့်အနေနဲ့ ဖီဖာနဲ့အာရှဘောလုံးအဖွဲ့ချုပ်က ထောက်ပံ့ငွေတွေကို ဝက်ဘ်ဆိုဒ်မှာတင်ထားတယ်။ တချို့ ဟာတွေဆိုရင် - ဥပမာ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်တို့ ခွဲစိတ်မှုတွေကိုတော့ မတင်ပါဘူး၊သူတို့ကို ကျတော့ ကျွန်တော့် စရိတ်ထဲကနေပဲ လုပ်ပေးခဲ့တာပါ။အခု ကွန်ဂရက်လည်း ကျွန်တော့်စရိတ်နဲ့ပဲ လုပ်တာပါ။”လို့ ဦးဇော် ဇော်က ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ ခုနှစ်ထဲမှာ သက်တမ်းလိုက်အမျိုးသား အမျိုးသမီး ပြိုင်ပွဲတွေ အပါအဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီး၊ အမျိုးသားအသင်းတွေရဲ့ ပြိုင်ပွဲများစွာကို အိမ်ရှင်ပွဲတွေနဲ့အတူ အဝေး ကွင်းပွဲတွေပါ သွားရောက်ကစားဖို့ ရှိနေပါတယ်။


Author


က္က