ရန်ကုန်နဲ့ ချာရတီ ကွင်းဖွင့်ဖလား ကစားရမှာပါ။
Kyaw Ko Ko Sint

မနှစ်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲမှာ ရန်ကုန်က ရှမ်းကို ၄-၃ဂိုးနဲ့ အကြိတ်အနယ်ကစားပြီး အနိုင်ယူထား တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာ ကစားမယ့် ၂၀၂၀ ချာရတီကွင်းဖွင့်ဖလားပွဲမှာ ရန်ကုန်အသင်းကို အနိုင်ရရှိအောင် ကစားသွားမယ်လို့ ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင်က DuwunSports ကိုပြောပါတယ်။



ဇန်နဝါရီလ ၅ ရက်နေ့မှာ ကစားမယ့် မြန်မာနေရှင်နယ်လိဂ်ကွင်းဖွင့်ချာရတီဖလား ပြိုင်ပွဲအတွက် ပွဲကြို သတင်း စာရှင်းလင်းပွဲကို ဒီနေ့ နေ့လည်ပိုင်းက သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

“ ကျွန်တော်တို့ မနှစ်က ဗိုလ်ချုပ်ဒိုင်းမှာ အရေးနိမ့်ခဲ့လို့ အခုပွဲကို ပြန်အနိုင်ရအောင်ကစားချင်ပါတယ်။ ဘောလုံးမှာတော့ အရှုံးကို လက်စားချေတယ်ဆိုတာထက် မကျေပွဲ ပြန်နွှဲရမှာပေါ့။ ကျွန်တော်တို့ ရှေ့ပွဲမှာ ရှုံးထားတယ် အဲ့ဒီအတွက် အခုပွဲကို အနိုင်ရအောင် ပြန်ကစားပါမယ်။”လို့ ဦးအောင်နိုင်က ပြောပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ မနှစ်က အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာ တော့ ရန်ကုန်အသင်းကို အကြိတ်အနယ်ကစားပြီး ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။



ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအဖြစ် အမည်ပြောင်းလဲ ကျင်းပချိန်ကတည်းက ရန်ကုန်အသင်းက ၂ ကြိမ်ဆက်ဗိုလ်စွဲ ထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ ရှမ်းယူနိုက်တက်အသင်းကတော့ တစ်ကြိမ် ဗိုလ်စွဲထားပါ တယ်။


Author


က္က