ကစားသမား ၉ ဦးတည်းသာ ပွဲထွက်နိုင်တော့တာဖြစ်ပါတယ်။
Pyae Phyo Thein

အယ်လ်ဟီလယ်အသင်းရဲ့ ကစားသမား ၁၅ ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ သိရပြီး ပွဲထွက်စာရင်းမှာ ကစားသမား ၉ ဦးသာ ကစားနိုင်ပြီး အရန်ခုံက ဂိုးသမား ၂ဦးကိုပေါင်းမှ စုစုပေါင်း ၁၁ဦးသာရှိနေတာဖြစ်ပါတယ်။


အာရှချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ အယ်လ်ဟီလယ်အသင်းဟာ ကစားသမားဆယ့်တစ်ဦးသာ ကစားဖို့ရှိနေတော့တဲ့အတွက် အုပ်စုနောက်ဆုံးပွဲအဖြစ်ကစားရမယ့် ရှာအာဘတ်အယ်လ်အာလီဒူဘိုင်းအသင်းနဲ့ပွဲကို ကစားခွင့်မရတဲ့အပြင် ပြိုင်ပွဲကနေပါ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းရဲ့ ကစားသမား ၁၅ ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ သိရပြီး ပွဲထွက်စာရင်းမှာ ကစားသမား ၉ ဦးသာ ကစားနိုင်ပြီး အရန်ခုံက ဂိုးသမား ၂ဦးကိုပေါင်းမှ စုစုပေါင်း ၁၁ဦးသာရှိနေတာဖြစ်ပါတယ်။ ဒီအတွက်တော့ အာရှဘောလုံးအဖွဲ့ချုပ်က အုပ်စု ခမှာ ပါဝင်နေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ကစားခဲ့တဲ့၊ ကစားရမယ့် ပွဲစဉ်ရလဒ်တွေကိုပါ ပယ်ဖျက်ခဲ့ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်စည်းကမ်းတွေအရ အနည်းဆုံးကစားသမား ၁၃ဦးရှိမှသာ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား ၉ ဦးတည်းသာရှိနေတဲ့ အယ်လ်ဟီလယ်အသင်းအနေနဲ့ ပွဲကစားဖို့ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ပြိုင်ပွဲကနေပါ ထုတ်ပယ်ခံရတဲ့အထိ ဖြစ်ခဲ့ရပြီး လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ခွင့်ပါ ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းနဲ့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်တို့က ဒီပွဲကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အာရှဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ဘဲ ပြိုင်ပွဲကို ကြီးမားတဲ့ အနုတ်လက္ခဏာဆောင်မှုကြောင့် ဘယ်လိုခြွင်းချက်မျိုးမှ ထားရှိမပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း သိရကာ အယ်လ်ဟီလယ်အသင်းကို သရေကစားပြီးနောက်တဆင့်တက်ရောက်နိုင်ခဲ့တဲ့ အီရန်ကလပ် ရှာဟာကွန်ဒရိုအသင်းလည်း နစ်နာခဲ့ကာ ဥဇဘက်ကလပ် Pakhtakor နဲ့ ရှာအာဘတ်အယ်လ်အာလီဒူဘိုင်းတို့ နောက်တဆင့်ကို တက်သွားခဲ့ပါတယ်။ 



Author


က္က