ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁အသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာယူ-၂၁အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၁၈ရက် မြန်မာစံတော်ချိန် ညနေ ၄:၃၀မှာ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ကစားရမှာပါ။
ဗီယက်နမ်သတင်းစာလူငယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၂၁အသင်းနဲ့ အိမ်ရှင် ဗီယက်နမ်ယူ-၂၁အသင်းတို့ ဗိုလ်လုပွဲမှာရင်ဆိုင်တွေ့ရတော့မှာပါ။ မြန်မာယူ-၂၁အသင်းဟာ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်နေတဲ့အသင်းဖြစ်ပြီး နည်းပြချုပ် ဦးကြည်လွင်တာဝန်ယူကိုင်တွယ်နေတဲ့အသင်းပါ။ မြန်မာယူ-၂၁အသင်းဟာ ပြိုင်ပွဲကို လူငယ်ကစားသမားတွေနဲ့ပဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးသင်းပတ်လည်ကစားခဲ့ရတဲ့ ပွဲမှာ အုပ်စု ဒုတိယနဲ့ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဂိုးကွာခြားချက်အရ မြန်မာအသင်းက -၁၊ မလေးရှားနဲ့ ကိုရီးယားကလပ်က -၃စီဖြစ်နေတဲ့အတွက် ဂိုးကွာခြားချက်အသာရပြီး မြန်မာအသင်း ဗိုလ်လုပွဲတက်ခဲ့တာပါ။ အိမ်ရှင် ဗီယက်နမ်နဲ့မြန်မာတို့ကစားရမယ့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ရက် မြန်မာစံတော်ချိန် ညနေ ၄း၃၀မှာကစားမှာဖြစ်ပြီး တတိယနေရာလုပွဲကို နေ့လည် ၂း၀၀နာရီမှာကစားမှာ ဖြစ်ပါတယ်။