loading...

loading...

loading...

၁-၀ နဲ့ ရှုံးခဲ့တာပါ။
Kyaw Ko Ko Sint

တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ ခြေစစ်ပွဲနောက်ဆုံးအဆင့်ရဲ့ ပလေးအော့ဖ် ကစားခွင့်နဲ့ လွဲချော်ခဲ့ပါပြီ။

၂၀၂၀ တိုကျို အိုလံပစ်  အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ခြေစစ်ပွဲအဖြစ် ဗီယက်နမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းက ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အိမ်ရှင်တောင်ကိုရီးယားကိုလည်း အဖွင့်ပွဲမှာ ၇ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ မြန်မာအသင်းဟာ ၂ ပွဲဆက် ရှုံးနိမ့်ပြီး ခြေစစ်ပွဲ နောက်ဆုံးအဆင့်ရဲ့ ပလေးအော့ဖ်ပွဲကစားခွင့် လွဲချော်ခဲ့ပါပြီ။

မြန်မာအသင်းပါဝင်တဲ့ အုပ်စုကို တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး ဗီယက်နမ်၊မြန် မာတို့ ပါဝင်ကစားနေတာပါ။

ပလေးအော့ဖ်အဆင့်ကို တစ်အုပ်စုစီက ၂ သင်းစီ တက်ရောက်ကစားခွင့်ရမှာ ဖြစ်တာကြောင့် ဗီယက်နမ်က မြန်မာကို နိုင်တာနဲ့ သေချာပေါက် ပလေးအော့ဖ်အဆင့်ကို တက်ရောက်သွားပါပြီ။

အုပ်စုဗိုလ်ဖြစ်ရေးမဖြစ်ရေးကတော့ တောင်ကိုရီးယားနဲ့ ကစားမယ့်ပွဲက အဆုံးအဖြတ်ပေးမှာြဖစ်ပြီး ပလေးအော့ ဖ်အဆင့်မှာ အနိုင်ရတဲ့ ၂သင်းက အိမ်ရှင် ဂျပန်နဲ့အတူ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပွဲကို ပါဝင်ခွင့်ရမှာပါ။

မြန်မာအသင်းကတော့ ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ပေးဂိုး ၈ ဂိုးရှိခဲ့ပြီး ရဂိုးလုံးဝ မရှိခဲ့ပဲ ၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲကို လက်ပြနှုတ်ဆက်လိုက်ရပါပြီ။


loading...

က္က