နှစ်ပေါက်နေတဲ့ ဒဏ်ရာကို ထိုင်းနိုင်ငံက Police Tero အသင်းမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လနဲ့ချီဆက်လက် ပြုလုပ်နေပေမယ့် မသက်သာလို့ စိတ်ဓာတ်ကျပြီး အခုလို အနားယူဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ ကျော်မင်းဦးက ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်အင်ဂျင် ကစားသမားတစ်ယောာက်ပါ။
ရန်ကုန်အသင်းမှာ ကစားစဉ် ဒူးထိသွားလို့ ခွဲစိတ်ကုသရာကနေ အခုချိန်ထိ ပြန်မကောင်းနိုင်တော့ပဲ ထိုင်းမှာ ဆက်လက်ကုသဖို့ MFF ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင်က စေလွှတ်ထားသူပါ။
ဒါပေမယ့် ဘယ်လိုမှ မသက်သာတဲ့အဆုံး ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်လာခဲ့သူပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူအနားယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ DuwunSports ကိုပြောပါတယ်။ ဒီကနေ့ အချိန်မှာတော့ သူကိုယ်တိုင်ပဲ သူ့ရဲ့ လူမှု စာမျက်နှာထက်ကနေ အနားယူတော့မယ့်အကြောင်း အတိအလင်း ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။
ကျော်မင်းဦး အခုလို ဒဏ်ရာမသက်သာလို့ ပြန်လာရတဲ့ အပေါ်မှာ - “ ကျော်မင်းဦး မကစားနိုင်သေးဘူးလို့ သိရ တယ်။ သူက ငယ်ပါသေးတယ်။ ပြန်လည်သန်စွမ်းအောင် လုပ်လို့ရပါတယ်။ လုပ်လို့လည်း ရပါတယ်။ သူ ပြန်ကောင်းလာတာနဲ့ အနာဂတ်မှာ မျှော်လင့်ချက်အများကြီးရှိပါသေးတယ်။ အခုချိန်မှာ ဆေးမှူးချုပ်တွေ၊သူ့ရဲ့ ရန်ကုန်အသင်း ဥက္ကဌကို ပြန်လည်တင်ပြပြီး ညှိုနှိုင်းဆောင်ရွက်သွားမှာပါ။ အဖွဲ့ချုပ် ဥက္ကဌကိုတော့ သူ့အ ကြောင်း အသေးစိတ်မပြောရသေးပါဘူး။ ဥက္ကဌ သိသွားရင်တော့ အားကိုးရတဲ့ ကစားသမားတွေ ဒဏ်ရာရရင် မနေပါဘူး။ သူအသေးစိတ်သိသွားရင် ဘယ်လိုလုပ်သင့်လဲဆိုတာ သူ့ရဲ့ အသင်းပိုင် ရန်ကုန် အသင်းနဲ့ တိုင်ပင် ပြီး ဆက်လုပ်သွားမှာပါ။” လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။
ကေျာ်မင်းဦးအခုလို ဒဏ်ရာကြောင့် အနားယူချိန်မှာ သူ့အသက်ဟာ ၂၃ နှစ်ဝန်းကျင်လောက်သာ ရှိသေး သလို မြန်မာ့ဘောလုံးလောက တစ်ခုလုံးကလည်း ယူကြုံးမရ ဖြစ်နေတာတွေကို တွေ့မြင်ရပါတယ်။
မြန်မာ့ဘောလုံးလောကအတွက်တော့ ဒီသတင်းဟာ များစွာ စိတ်မကောင်းဖြစ်ရသလို သူဟာ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးအနေနဲ့ ဘောလုံးလောကနေ အစောဆုံး အနားယူသွားတဲ့ ကစားသမား လည်း ဖြစ်လာဖွယ်ရှိနေပါတယ်။