ဇွဲကပင်နဲ့ပွဲအပြီးမှာ ‌ပြောသွားတာပါ။
Kyaw Ko Ko Sint

ဇွဲကပင်ကို ၃-၁ နဲ့ နိုင်တဲ့ပွဲမှာ အဝါကဒ် ပြသခံခဲ့ရပြီး ပွဲချိန်အတွင်း ဒိုင်တွေကို စောဒဂက်တက်မှုတွေ ရှိခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမား မောင်မောင်လွင်ကတော့ ပြည်တွင်းမှာ တာဝန်ယူနေတဲ့ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ၁၀၀ မှာ ၇၀ လောက်က မှားယွင်းဆုံးဖြတ်နေတယ်လို့ DuwunSportsကို ပြောလာပါတယ်။

မောင်မောင်လွင်ကတော့ မနေ့က ကစားခဲ့တဲ့ ရန်ကုန် ၃-၁ ဇွဲကပင်ပွဲမှာ ပွဲချိန်အတွင်း အဝါကဒ်ပြသခံခဲ့ရသလို ထပ်မံပြီးတော့လည်း ကွင်းလယ်ဒိုင်ကို စောဒဂတက်မှုတွေ ရှိခဲ့သူပါ။

“ကျွန်တော်တို့ဆီမှာ အဆင့်မမီဘူးလို့ပြောလို့ရတယ်၊အငြင်းပွားဖွယ်ရာတွေခဏခဏဖြစ်နေတယ်၊သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ၁၀၀ မှာ ၇၀ လောက်လွဲချော်နေတော့ ကျွန်တော်တို့ဖက်က မဖြစ်သင့်တဲ့ ‌ဒေါသတွေ ဖြစ်တယ် မတက်သင့်တဲ့ စောဒဂတွေတက်တယ်။လူတိုင်းအမှားနဲ့ မကင်းဘူးဆိုပေမယ့် သူတို့ဖက်က အမှား တွေက တစ်ကြိမ်မက နှစ်ကြိမ်မကဆိုတော့ ကျွန်‌တော်တို့အတွက် အဆင်မပြေဘူး။”လို့ မောင်မောင်လွင်က ပြောခဲ့ပါတယ်။

မောင်မောင်လွင်အနေနဲ့ ချင်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း ဒိုင်တွေကို စောဒဂတက်မှုတွေ ရှိခဲ့ပြီး လက်ရွေးစင် ကစားသမားအဖြစ်နဲ့လည်း ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲအဖြစ် မွန်ဂိုလီးယားနဲ့ ပထမအကျော့ ကစားခဲ့စဥ်တုန်းက ပြိုင်ဖက်ကစားသမားကို ကြမ်းတမ်းစွာ ကစားခဲ့လို့ အနီကဒ်ပြသခံရပြီး ထွက် ခဲ့ရပါတယ်။



မောင်မောင်လွင်အနေနဲ့ ပွဲချိန်အတွင်း စိတ်ခံစားမှုကို ဘယ်လိုအကောင်းဆုံး ဖြစ်အောင် ထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ - “ ဇွဲကပင်နဲ့ပွဲ ဒုတိယပိုင်းမှာတော့ ကျွန်တော်သူတို့ကို အာရုံထဲက ထုတ် လိုက်တယ်။အဓိက ကိုယ်ကစားစရာရှိတာကို ကစားလိုက်တယ်၊ဒိုင်လူကြီး မပါဘူးလို့ သတ်မှတ်ပြီး ကစားလိုက် တယ်။နောက်ပွဲတွေမှာလည်း အဲ့လိုပဲ တွေးပြီး ကစားရင်း ဆက်ထိန်းသွားပါမယ်။”လို့ မောင်မောင်လွင်က ဆက်လက် ပြောပါတယ်။

ဇွဲကပင်နဲ့ပွဲမှာတော့ မောင်မောင်လွင်က ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ အနိုင်ရအောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

ဒါ့အပြင် မောင်မောင်လွင်က မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတစ်ဦးလည်း၁  ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က