လူစားဝင်ကစားသမားအဖြစ် နှစ်ကြိမ်သာကစားခွင့်ရထားပေမယ့် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မြောင်တောင်ယူနိုက်တက်အသင်းနည်းပြ ဂါမာက အသင်းသားတွေကို ပွဲထွက်ခွင့်ရရန်အတွက် အခွင့်အရေးရချိန်မှာ အောင်သူကဲ့သို့ကြိုးစားပြဖို့အတွက် သတိပေးပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ထိုင်းလိဂ်ပွဲစဉ်(၂၀)မှာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက မြောင်တောင်ယူနိုက်တက်အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အောင်သူဟာ ရက်ချာဘူရီအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက် ၁၁ ယောက်စာရင်းမှ ာပါဝင်ခဲ့ခြင်းမရှိပေမယ့် မိနစ် ၇၀ ဝန်းကျင်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး မိနစ် ၈၀ မှာ အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အောင်သူရဲ့သွင်းဂိုးက အသင်းအနိုင်ရဖို့အတွက် အရေးပါခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် မြောင်တောင်ယူနိုက်တက်အသင်းဟာ ထိုင်းလိဂ်အဆင့်(၇)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။



“အသင်းမှာ ပွဲထွက်ကစားသမားဖြစ်နိုင်တဲ့ အရေအတွက်က ၁၁ ယောက်ထက်ပိုပါတယ်။ ကစားသမားတိုင်းက လေ့ကျင့်ရေးမှာ ပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်း ပြသဖို့လိုပါတယ်။ ဘယ်သူမဆို ပွဲထွက်ကစားဖို့အတွက် အခွင့်အရေးရှိပါတယ်။ အောင်သူကိုကြည့်ပါ။ ကစားခွင့်ရတဲ့အချိန်တိုင်း သူဘယ်လောက်ကစားနိုင်လဲဆိုတာ သက်သေပြနိုင်ခဲ့တယ်။ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော် အမြဲယုံကြည်တယ်။”လို့ မြောင်တောင်ယူနိုက်တက်နည်းပြ ဂါမာက ရက်ချာဘူရီကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘရာဇီးလူမျိုးနည်းပြ ဂါမာဟာ ဒီရာသီ မြောင်တောင်ယူနိုက်တက်အသင်းရဲ့သုံးဦးမြောက်နည်းပြဖြစ်ပြီး ထိုင်းယူ-၂၃ လက်ရွေးစင်နည်းပြအဖြစ်ကနေပြောင်းရွှေ့လာတာပါ။ အောင်သူဟာ နည်းပြ ဂါမာလက်ထက်မှာ လူစားဝင်ကစားသမားအဖြစ် နှစ်ကြိမ်သာ ကစားခွင့်ရထားပေမယ့် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အောင်သူဟာ ဒီရာသီ မြောင်တောင်ယူနိုက်တက်အသင်းအတွက် ထိုင်းလိဂ်(၁၀)ပွဲသာ ကစားခွင့်ရထားပြီး ပွဲထွက်ကစားသမားအဖြစ် (၄)ပွဲ၊ လူစားဝင်ကစားသမားအဖြစ် (၂)ပွဲနဲ့ အရန်ခုံမှာ (၄)ပွဲထိုင်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က