ရှမ်းက ဧရာဝတီကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
Kyaw Ko Ko Sint

ဧရာဝတီအတွက်တော့ ရာသီသိမ်းဖို့ လက်ကျန် ၂ပွဲသာ ကျန်တော့ချိန်မှာ ရန်ကုန်၊ဟံသာဝတီတို့နဲ့ ကစားရအုံးမှာ မို့လို့ ပွဲကြပ်ကာလကို ဖြတ်သန်းရအုံးမှာပါ။

ဧရာဝတီယူနိုက်တက်အသင်းဟာ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို၂-၁နဲ့ ရှုံးနိမ့်ခဲ့လို့ မနေ့က ရတနာပုံကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ ဟံသာဝတီက အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

ရာသီသိမ်းဖို့ လက်ကျန် ၂ပွဲသာ ကျန်တော့ချိန်မှာ ဧရာဝတီအသင်းအနေနဲ့ ရန်ကုန်၊ဟံသာဝတီအသင်းတို့နဲ့ ကျန်ရှိ နေသေးလို့ ပွဲကြပ်တွေကို ကစားရဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ အဆင့် ၁က ဟံသာဝတီက ဧရာဝတီထက် ၁မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်သလို အဆင့် ၃နေရာက ရှမ်းယူနိုက်တက်အသင်းကလည်း ဧရာဝတီကို တစ်မှတ်အကွာနဲ့ ဖိအားပေးနေ နိုင်ဆဲ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကတော့ ဆောက်သမ်း၊ရတနာပုံအသင်းတို့နဲ့ ကစားဖို့ ကျန်နေသေးပြီး ဒီအချိန်မှာ ထိပ်ဆုံးက ဟံသာဝတီနဲ့ဧရာဝတီတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဥ်ရှိနေသေးလို့ အခွင့်အရေးကောင်း ပိုင်ဆိုင်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဟံသာဝတီရောဧရာဝတီအသင်းပါ မြန်မာနေရှင်နယ်လိဂ် ဆုဖလား တစ်ကြိမ်မျှ ဆွတ်ခူးနိုင်ခြင်း မရှိထားလို့ ယခု နှစ်မှာ ချန်ပီယံသစ် ပေါ်ထွက်လာမလား လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ပထမဆုံး အကြိမ် ၂နှစ် ဆက် အမှတ်ပေးဖလား ဆွတ်ခူးနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


Author


က္က