loading...

loading...

loading...

ဟောင်ကောင်နိုင်ငံက ဖိတ်ခေါ်ကျင်းပနေတာ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

လာမယ့် ဧပြီ ၂၀ မှာ ဗီယက်နမ် ယူ-၁၈ အသင်းနဲ့ ဆက်လက်ကစားရမှာ ဖြစ်ပြီး ဗီယက်နမ် ယူ-၁၈ က စင်ကာပူ ယူ-၁၈ ကို ၁-၀ နဲ့ နိုင်ထားပါတယ်။

ဟောင်ကောင်နိုင်ငံက ဖိတ်ခေါ် ကျင်းပတဲ့ Jockey Club International Youth Invitational Football Tournament 2019 ပြိုင်ပွဲ အဖွင့်ပွဲမှာ မြန်မာ ယူ-၁၈ အသင်းက ဟောင်ကောင် ယူ-၁၈ အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ပထမပိုင်းအတွင်းမိနစ် ၄၀ မှာ ဇော်ဝင်းသိန်းကလည်း ကောင်း၊ ၄၅ မိနစ်မှာ စောကျော်အဲက လည်းကောင်း အသီးသီး သွင်းယူပေးခဲ့တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ ယူ-၁၈ အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပြီး အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲတွေအတွက် အဓိကထား ပြင်ဆင်နေတာလို့ သိရပါတယ်။

အခု ကစားနေတဲ့ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင်ဟောင်ကောင်အပါအဝင်၊ မြန်မာ၊ဗီယက်နမ်နဲ့စင်ကာ ပူအသင်းတွေ ပါဝင်နေပါတယ်။

ဒီကနေ့ တစ်ချိန်တည်းမှာကစားတဲ့ စင်ကာပူ ယူ-၁၈ နဲ့ ဗီယက်နမ် ယူ-၁၈ တို့ပွဲမှာတော့ ဗီယက်နမ် ယူ-၁၈ အသင်းက ၁-၀ နဲ့ အနိုင်ရသွားပါတယ်။

မြန်မာ ယူ-၁၈ အသင်းအနေနဲ့ ဒုတိယမြောက်ပွဲအဖြစ်လာမယ့် ဧပြီ ၂၀ မှာ ဗီယက်နမ် ယူ-၁၈ အသင်းနဲ့ ဆက် လက်ကစားရမှာ ဖြစ်ပြီး မြန်မာ ယူ-၁၈ အသင်းကို ယူ-၂၂ နည်းပြချုပ် ဗီလီဇာ ပိုပေါ့က နည်းစနစ် အကြံပေး အဖြစ် လိုက်ပါ ကူညီဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ယူ-၁၈ ပြိုင်ပွဲသာမက ယူ-၁၅ ပြိုင်ပွဲကိုလည်း တပါတည်း ဖိတ်ခေါ် ကစားနေတာ ဖြစ်ပြီး မြန်မာ ယူ-၁၅ အသင်းက ဒီကနေ့ နေ့လည် ၁ နာရီမှာ ဟောင်ကောင် ယူ-၁၅ အသင်းနဲ့ပဲ စတင်ကစားရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က