ကောင်းထက်စိုးရှေ့မှာအီစိုး၊မင်းကျော်ခန့်နဲ့ ကျော်ထူးတို့ရဲ့ သာဓကတွေ ရှိထားတယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ရန်ကုန်အသင်းကတော့ မနက်ဖြန်မှာ တန်းပနီ့စ်ရိုဗာအသင်းနဲ့ အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲ ကစားဖို့ ရှိနေ ပြီး ညနေ ၃ နာရီခွဲမှာ ကစားမှာပါ။

ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းက အသင်းရဲ့ လူငယ်ကစားသမား ကောင်းထက်စိုးကို သူမသိပဲ မီဒီယာတွေရဲ့ အင်တာဗျူးဖြေကြားခြင်းကို ခွင့်မပြုထားဘူးလို့ Duwun Sports ကိုပြောလာပါတယ်။



“သူမတိုင်ခင်က အီစိုး၊မင်းကျော်ခန့် နဲ့ ကျော်ထူးတို့ အသင်းမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ဒီနှစ်မှာတော့ ကောင်းထက်စိုးကို ကျွန်တာ့်ခွင့်ပြုချက်မရှိပဲ ဘာမှ လုပ်ခွင့်မပေးထားပါဘူ။အင်တာဗျူးလည်း ခွင့်ပြုချက်မရပဲ ဖြေကြားခွင့်မပြုထားပါဘူး။ အဓိကကတော့ အင်တာဗျူးလုပ်လိုက်ချိန်မှာ ပရိသတ်ရဲ့ မြှောက် ပင့်ပေးမှုတွေကြောင့် ကစားသမားကောင်းတွေ ပျောက်သွားတတ်တယ်၊အခု ကောင်းထက်စိုးက ၄ ယောက်မြောက် ကစားသမားဖြစ်လာပါပြီ။” လို့ ဦးမျိုးမင်းထွန်းက ပြောပါတယ်။



အခုလို ကစားသမားကို မီဒီယာမှာ အင်တာဗျူး ဖြေကြားခွင့်ကို ခွင့်ပြုချက်မရှိပဲ လုပ်ခွင့်မပေးထားတာကတော့ - “ အဓိက ကတော့ ကစားသမားရဲ့ ဘဝကို ထပ်ပြီး မြင့်တက်စေချင်လို့ပါ။အခုလို လုပ်ဆောင်ရတာ သူ့ဘဝကို နိမ့်ချချင်လို့ မဟုတ်ပါဘူး။မြင့်တင်ပေးချင်လို့ပါ။တချို့ ကစားသမားတွေက ဂျာနယ်တွေ၊ဖေ့ဘုတ်စ်တွေပေါ်မှာ ပါပြီးသွားရင် ပျောက်ကွယ်သွားကြတယ်။အဲ့လိုမျိုး မဖြစ်စေချင်လို့ သူတို့တွေ တကယ်ကို တည်တံ့ ခိုင်မာလာပြီ ဆိုရင် လွတ်လပ်ခွင့်ပေးမှာပါ။” လို့ ဦးမျိုးမင်းထွန်းက ရှင်းလင်းပြောခဲ့ပါတယ်။


ကောင်းထက်စိုးအနေနဲ့ ရန်ကုန်ယူနိုက်တက် စီနီယာအသင်းနဲ့အတူ ဒီနှစ်ဘောလုံးရာသီမှာ ပါဝင်ကစားခွင့်ရ လာခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး သွင်းဂိုးတချို့ကိုလည်း သွင်းယူပေးထားနိုင်ခဲ့သူပါ။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ မနက်ဖြန်မှာ AFC CUP အုပ်စုအဖွင့်ပွဲ အဖြစ် စင်ကာပူကလပ် တန်းပနီ့စ်ရိုဗာအသင်းနဲ့ အိမ်ကွင်းကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က