တောင်ကြီးမြို့ စပ်စံထွန်း ဆေးရုံကို တင်ပို့ထားတယ်လို့သိရပါတယ်။

ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိပေမယ့် ဖြစ်ဖြစ်ချင်းမှာ ဘာမှ မဖြစ်ပဲ ပထမပိုင်း ပြီးခါနီးမှ တစ်ဦးတည်း ရှိနေချိန် လဲကျသွားခဲ့တာပါ။


ဒီကနေ့ ညနေပိုင်းက တောင်ကြီးမြို့မှာကစားခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ရန်ကုန်ယူနိုက်တက်တို့ရဲ့ မြန်မာနေရှင် နယ်လိဂ်ပွဲစဉ်မှာ ဦးခေါင်းဒဏ်ရာရရှိသွားလို့ အရေးပေါ် ဆေးရုံတင်ခဲ့ရတဲ့ ရန်ကုန်အသင်း ဂိုးသမား ကျော်ဇင်ထက်ကတော့ လက်ရှိမှာ သတိကောင်းမွန်စွာ ပြန်လည်ရရှိနေပြီလို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က DuwunSports ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားပါတယ်။



“ ကျွန်တော်တို့ ပွဲပြီးတာနဲ့ ဆေးရုံလိုက်သွားပြီး သတင်းမေးရာမှာတော့ စကားကောင်းမွန်စွာ ပြန်ပြောနေပါပြီ၊ ဦးခေါင်းကို ဓာတ်မှန်ရိုက် စစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ ဆေးစစ်ချက် အဖြေမှန်ကိုတော့ ဆရာဝန်ကြီး ခွဲစိတ်ခန်းဝင်နေလို့ မသိရသေးပါဘူး။ နောက်တစ်နာရီလောက်နေရင်တော့ သိရပါမယ်။” လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။

ကျော်ဇင်ထက်အနေနဲ့ ပထမပိုင်း ပွဲချိန် ၄၁ မိနစ်လောက်မှာ ရှမ်းယူနိုက်တက် တိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိခဲ့ပေမယ့် ဖြစ်ဖြစ်ချင်းမှာ ထိခိုက် ဒဏ်ရာ မရခဲ့ပေမယ့် ပထမပိုင်းပြီးဆုံးခါနီးမှာတော့ တစ်ဦးတည်း လဲကျသွားခဲ့တာပါ။



ဒါကြောင့် ကွင်းအတွင်း ရှေးဦးပြုစုမှုများ အရေးပေါ် ပြုလုပ်အပြီး လူနာတင်ယာဉ်နဲ့ တောင်ကြီးမြို့က စိန် ဆေးရုံကို တင်ပို့ထားတယ်လို့သိရပါတယ်။

ရန်ကုန်ယူနိုက်တက်နဲ့ရှမ်းယူနိုက်တက်တို့ရဲ့ပွဲကတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးသွားခဲ့လို့ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဟံသာဝတီယူနိုက်တက်အသင်းက ဦးဆောင်ခွင့်ရသွားပါတယ်။

ရှမ်းယူန


ဆက်စပ်အကြောင်းအရာများ



က္က