၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲအဖြစ် ကစားမှာပါ။
Kyaw Ko Ko Sint

မနှစ်က ရန်ကုန်အသင်းအိမ်ကွင်းမှာ ဟံသာဝတီက ၁-၀ ဂိုးနဲ့ နိုင်ပြီး ဗိုလ်ချုပ်ဒိုင်း ဗိုလ်လုပွဲမှာတော့ ရန်ကုန်က ၂-၁ ဂိုးနဲ့ နိုင်ထားတာပါ။

Photo - MNL



ဒီကနေ့ ညနေ ၃ နာရီခွဲမှာတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်နဲ့ ဟံသာဝတီတို့ ရန်ကုန်အသင်းရဲ့ အိမ်ကွင်း YUSC မှာ ယှဉ်ပြိုင်ကစားပါမယ်။

နှစ်သင်းစလုံးက ရာသီသစ်အတွက် အပြောင်းအလဲများစွာ ပြုလုပ်ထားပြီး ရန်ကုန်အသင်းက မနှစ်က နိုင်ငံခြား သား ၄ ဦးထဲက အီမန်နူရယ်ကလွဲလို့ ကျန်တာ အကုန်ပြန်ခေါ်ထားသလို ဘရာဇီး ကွင်းလယ်လူတစ်ယောက်နဲ့ အားဖြည့်ထားပါတယ်။

Photo - YUFC

ဟံသာဝတီအသင်းကလည်း မနှစ်က အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး မခ်ဆာကီနဲ့ နောက်ခံလူ မိုက်ကယ်တို့ကို ပြန်ခေါ်ထားလို့ နှစ်သင်းစလုံးကတော့ မနှစ်က စုစည်းမှုအတိုင်း ရှိနေကြပါတယ်။

အနီးကပ်ဆုံး တွေ့ဆုံမှုကတော့ မနှစ်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲမှာ နှစ်သင်းတွေ့ဆုံခဲ့ကြပြီး ရန်ကုန် အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဟံသာဝတီအသင်းကလည်း ၂၀၁၈ လိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ ရန်ကုန်အသင်းကို ၁-၀ ဂိုးနဲ့ ရန်ကုန်အသင်း အိမ်ကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး ရှုံးကြွေးကိုယ်စီ ဆပ်ဖို့ ရှိနေသလို အဖွင့်ပွဲလည်း ဖြစ်တာကြောင့် အဖွင့်လှဖို့ ကြိုးပမ်း လာမယ့် ဒီပွဲက ပြိုင်ဆိုင်မှု ပြင်းထန်နေအုံးမှာပါ။ တစ်ချိန်တည်းမှာပဲ မုံရွာမြို့မှာလည်း စစ်ကိုင်းအသင်းနဲ့ ရှမ်းအသင်းတို့က ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲကို ယှဉ်ပြိုင်ကစားကြမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က