ယခင်နည်းပြလက်ထက်မှာ အောင်သူအနေနဲ့ ပွဲလုံး၀ ကစားခွင့်မရခဲ့တာပါ။

နည်းပြ YOON JEONG HWAN လက်ထက်မှာ အောင်သူအနေနဲ့နေရာ ပျောက်ဆုံးခဲ့ပြီး ပွဲလုံး၀ မကစားရတဲ့အထိ ဖြစ်ခဲ့ရတာပါ။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ပါဝင်ကစားနေတဲ့ ထိုင်းလိဂ်(၁)ကလပ် မြောင်တောင်အသင်း ကတော့ လက်ရှိမှာ နည်းပြ အပြောင်းအလဲ တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း အသင်းပိုင် ဝက်ဘ်ဆိုဒ်ကနေ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။



အသင်းရဲ့ တောင်ကိုရီးယားနည်းပြ YOON JEONG HWAN ကို ရာထူးမှ ထုတ်ပယ်ပြီး ထိုင်းယူ-၂၃အ သင်းရဲ့ နည်းပြ ဂါမာကို ပြောင်းလဲ တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဂါမာအနေနဲ့ ၂၀၁၉ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေကနေ အသင်းကို စတင်တာဝန်ယူသွားမှာ ဖြစ်ပြီး ယခင်က ထိုင်းကလပ်များဖြစ်တဲ့ ဘူရီရမ်၊ချင်းရွိုင်၊ထိုင်း ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတို့ကို တာဝန်ယူခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ဘရာဇီးလူမျိုး နည်းပြတစ်ဦးဖြစ်ပါတယ်။

ယခင်တောင်ကိုရီးယားနည်းပြလက်ထက်မှာတော့ မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူအနေနဲ့ နေရာမရပဲ တစ်ပွဲသာ ကစားခွင့်ရပြီးနောက်ပိုင်း ပွဲလုံး၀ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ စင်ကာပူအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ကျော်ကိုကို သွင်းယူတဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးကာ သူ့ရဲ့ ခြေစွမ်းကို ထုတ်ဖော်ပြသထားနိုင်တာကြောင့် နည်းပြသစ် ဂါမာလက် ထက် နေရာ ပြန်လည်ရရှိလာမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပါ။

အနိးစပ်ဆုံးပွဲစဉ်အဖြစ်မြန်မာ့လက်ရွေးစင် ကစားဖော် ဇော်မင်းထွန်းနဲ့ စည်သူအောင်တို့ ပါဝင်ကစားနေတဲ့ ချောင်ဘူရီအသင်းနဲ့ လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ထိုင်းလိဂ်ပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်တာကြောင့် နည်းပြ ဂါမာအနေနဲ့ အသင်းကို အချိန် ၂ ရက်အတွင်း ပြင်ဆင်ရမှာလည်း ဖြစ်ပါတယ်။

တဆက်တည်းပဲ မြောင်တောင်အသင်းအနေနဲ့ အက်ဖ်အေဖလား၃၂ သင်းအဆင့်အဖြစ် ဆင်ဘူရီဘန်ဂရာဂျန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ဇွန် ၁၉ မှာ ဆက်လက်ကစားရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က