၁၀ လပိုင်းမှာ ဆက်လက်ကျင်းပသွားမှာပါ။

တောင်ကြီးမြို့က ပွဲစဉ်တွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ၉ လပိုင်းမှာ ဆက်လက် ကစားမှာ ဖြစ်သလို Grand Final ပွဲစဉ်တွေကိုလည်း ၁၀ လပိုင်းမှာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာ ဘီယာက ကြီးမှူး ကျင်းပနေတဲ့ WE ARE ONE CUP 2019 အပျော်တမ်း ဘောလုံးပြိုင်ပွဲကြီးရဲ့ Grand Final အဆင့် ပွဲစဉ်တွေကိုတော့ တောင်ကြီးမြို့က ပြည်နယ် အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြိုင်ပွဲ ကျင်းပရေး ကော်မတီက တဆင့် သိရပါတယ်။

WE ARE ONE CUP 2019 ပြိုင်ပွဲကို မြန်မာနိုင်ငံက မြို့ကြီး ၈ မြို့မှာ ကျင်းပနေတာ ဖြစ်ပြီး တောင်ကြီးဇုန် ပြိုင်ပွဲက တော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။

ဒါပေမယ့်လည်း အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ထိ ပွဲစဉ်အားလုံးကိုတော့ ပအို့ဝ်ကွင်းလို့ လူသိများတဲ့ အား ကစားကွင်းမှာသာ ကျင်းပခဲ့ရပါတယ်။

“အဓိကကတော့ ပြည်နယ်ကွင်းက ဒီနှစ် မြန်မာနေရှင်နယ်လိဂ် မစခင်ကတည်းက အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေ လို့ပါ။အခုတော့ ဒုတိယအကျော့မစခင် ကွင်းက ပြန်ကောင်းပြီဆိုတော့ ကျွန်တော်တို့လည်း ဆီမီးဖိုင်နယ်ပွဲတွေကနေ စပြီး ပြည်နယ်ကွင်းမှာ ပြောင်းရွှေ့ ကစားမှာပါ။” လို့ တောင်ကြီးမြို့ရဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ကိုလွင်မင်းထွေးက ပြောပါတယ်။

Grand Final ပွဲတွေကို လာမယ့် ၁၀ လပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းတစ်ခုစီက ချန်ပီယံ အသင်း ၈ သင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမှာလည် းဖြစ်ပါတယ်။

ဒီပွဲစဉ်တွေ မတိုင်ခင်မှာတော့ မြန်မာ့လက်ရွေးစင် ရန်အောင်ကျော်အပါအဝင် မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမား တွေ ဖြစ်တဲ့ ခင်မောင်ထွန်း၊ခင်မောင်လွင်၊ရန်ပိုင်နဲ့ သီဟစည်သူတို့က ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ နည်းစနစ် တွေကို ဆွေးနွေးပေးသွားမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။



က္က