ဂျေလိဂ်မှာ ထိုင်းကစားသမားတစ်ဦးအတွက ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဒီထက်ပိုပြီးတော့ အမှတ်တရဖြစ်ခဲ့တာကတော့ ချာနာသစ်ဟာ အသင်းခေါင်းဆောင်လက်ပတ်ကို အချိန်အနည်းငယ်သာ ဝတ်ဆင်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးတာကူမာဆာရန်နိုကို လက်ပတ်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သူ့ရဲ့နှိမ့်ချမှုကို ဖော်ပြခဲ့တာပါ။


ထိုင်းနာမည်ကျော်ကစားသမား ကွင်းလယ်လူချာနာသစ်ဟာ ဗစ်ဆဲကိုဘေးအသင်းကို ၂-၃ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ဆက်ပိုရိုအသင်းရဲ့ ပွဲစဉ်မှာတော့ သမိုင်းမှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ဆက်ပိုရိုအသင်းအရေးနိမ့်ခဲ့ပေမယ့်လည်း ချာနာသစ်ကတော့ ပွဲချိန် ၇၃ မိနစ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Goal.com (Thai) ရဲ့ ဖော်ပြချက်အရ အသင်းခေါင်းဆောင်ဟီရိုကီမီယာဇာဝါကို လူစားလဲလှယ်ခဲ့ပြီးနောက် ချာနာသစ်ဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဂျေလိဂ်သမိုင်းမှာတော့ ချနာသစ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံးထိုင်းကစားသမားဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

"အဲဒီအခိုက်အတန့်က ထိုင်းပရိသတ်တွေအတွက် အရမ်းကိုတန်ဖိုးကြီးမားခဲ့ပါတယ်၊ ကွင်းလယ်တိုက်စစ်ကစားသမားချာနာသစ်က ဂျေလိဂ်ပွဲတစ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ်တာဝန်ယူခဲ့ရတာပါ၊ အသက် ၂၆နှစ်အရွယ် ကစားသမားက အသင်းကို အိမ်ကွင်းမှာအနိုင်ရအောင် မကူညီနိုင်ခဲ့ပေမယ့်လည်း သူ့အတွက်တော့ အမှတ်တရဖြစ်ခဲ့ပါပြီ" လို့ Goal.com (Thai) က ဖော်ပြခဲ့ပါတယ်။ 

ဒီထက်ပိုပြီးတော့ အမှတ်တရဖြစ်ခဲ့တာကတော့ ချာနာသစ်ဟာ အသင်းခေါင်းဆောင်လက်ပတ်ကို အချိန်အနည်းငယ်သာ ဝတ်ဆင်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးတာကူမာဆာရန်နိုကို လက်ပတ်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သူ့ရဲ့နှိမ့်ချမှုကို ဖော်ပြခဲ့ပါတယ်လို့ အဆိုပါသတင်းဌာနက ဆက်လက်ရေးသားဖော်ပြခဲ့ပါတယ်။ 

ဗစ်ဆဲကိုဘေးအသင်းမှာတော့ ဘာစီလိုနာရဲ့နာမည်ကျော်ကွင်းလယ်လူဟောင်း အင်နီယေစတာ ပါဝင်ကစားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ ဘာစီလိုနာနောက်ခံလူဟောင်း သောမတ်စ်ဗာမေလန်လည်း ပါဝင်ခဲ့ကာ ချာနာသစ်အတွက်တော့ ကမ္ဘာကျော်ကစားသမားတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 


Author


က္က