ရန်ကုန်လည်း နိုင်ပွဲဆက်ခဲ့ပြီး တတိယနေရာမှာဆက်ရှိနေခဲ့ပါတယ်။
Pyae Phyo Thein

ဟံသာဝတီအသင်းက မနေ့က ဂိုးပြတ်နိုင်ပွဲရခဲ့တာကြောင့် မဖြစ်မနေနိုင်ပွဲရအောင်ယူထားရမယ့် အသင်းနှစ်သင်းဟာ နိုင်ပွဲယူခဲ့ပြီး ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေခဲ့ပါတယ်။


ဒီနေ့ဆက်လက်ကစားခဲ့့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေမှာတော့ ဧရာဝတီ နဲ့ ရန်ကုန်တို့က ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်နိုင်ပွဲတွေ အသီးသီးရရှိသွားခဲ့ပါတယ်။ ဟံသာဝတီအသင်းက မနေ့က ဂိုးပြတ်နိုင်ပွဲရခဲ့တာကြောင့် မဖြစ်မနေနိုင်ပွဲရအောင်ယူထားရမယ့် အသင်းနှစ်သင်းဟာ နိုင်ပွဲယူခဲ့ပြီး ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေခဲ့ပါတယ်။

Photo : MNL Facebook Page


ပုံစံကောင်းတွေရရှိနေပြီး ပြိုင်ဘက်တွေကို ဂိုးအများအပြားသွင်းယူနေတဲ့ ဧရာဝတီက ဒီနေ့မှာလည်း ISPE ကို ဂိုးပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ ကစားသမားအင်အားချင်းလည်း ကွာခြားနေပြီး စုဖွဲ့မှုကောင်းကောင်းနဲ့ ခြေစွမ်းပြနေတဲ့ ဧရာဝတီဟာ ချန်ပီယံဆုအတွက် အမှားအယွင်းမခံတော့ဘဲ ဂိုးတွေလညး် ရသလောက်သွငး်ယူခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဧရာဝတီအတွက် တင်ဝင်းအောင်၊ ဝင်းနိုင်ထွန်း၊ သီဟဇော်၊ သန်းထက်အောင်၊ အောင်နိုင်ဝင်းတို့က သွင်းယူပေးခဲ့ပြီး ၅-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Photo : MNL Facebook Page


ဒီနိုင်ပွဲကြောင့်လည်း ဟံသာဝတီကို ရမှတ်တူအနေအထား၊ ရဂိုးလည်းတူညီခဲ့ပြီဖြစ်လို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အမှတ်ပေးဖလားအတွက် သူတို့နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပိုပြီးအကြိတ်အနယ်ရှိလာပြီဖြစ်ကာ ဒီရာသီနေရှင်နယ်လိဂ်ဖလားကို ဘယ်အသင်းဆွတ်ခူးသွားမလဲဆိုတာက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

နည်းပြသစ်လက်ထက်မှာ နိုင်ပွဲတွေဆက်နေတဲ့ ရန်ကုန်ကလည်း ဆောက်သမ်းကို ဂိုးပြတ်အနိုင်ခဲ့ရပါတယ်။ ဟံသာဝတီ နဲ့ ဧရာဝတီတို့သာ ခြေချော်ခဲ့ရင် အခွင့်အရေးရှိနေသေးတဲ့ ရန်ကုန်က အမှားအယွင်းမရှိနိုင်ပွဲယူခဲ့ပြီးတော့ ထိပ်ဆုံးနှစ်သင်းနဲ့ လေးမှတ်အကွာမှာ ဆက်ရှိနေခဲ့ပါတယ်။ ရန်ကုန်အတွက် ကြည်လင်း၊ မောင်မောင်လွင်၊ အီမန်နူရယ်တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ 


လက်ကျန်ပွဲစဉ် ၅ ပွဲသာ ကျန်ရှိတော့ပြီး လာမယ့်ပွဲစဉ်တွေမှာ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်လာတော့မှာဖြစ်လို့ အမှတ်ပေးဇယားရပ်တည်မှုအပြောင်းအလဲတွေကို မြင်တွေ့ရဖို့လည်း ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က