loading...

loading...

loading...

ဟိုချီမင်းနဲ့ပွဲမှာ ၂ဂိုး ခွင့်ပြုခဲ့ရပြီး လိဂ်ပွဲတွေမှာ ၄ဂိုးပေးထားရပါတယ်။
Pyae Phyo Thein

ရန်ကုန်ယူနိုက်တက်အသင်းကတော့ ဒီရာသီမြန်မာနေရှင်နယ်လိဂ်မှာ ပေးဂိုးလေးဂိုးခွင့်ပြုထားရပြီး အမှတ်ပေးဇယားထိပ်ဆုံး ၃သင်းထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။


ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဂိုးသမားကျော်ဇင်ထက်က ပေးဂိုးတွေခွင့်ပြုနေရတာထက် နိုင်ပွဲရဖို့အတွက်ကိုပဲ အလေးထားတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ AFC Cup အုပ်စုပွဲစဉ်ဖြစ်တဲ့ ဟိုချီမင်းစီးတီးနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ Duwun Sports ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကတော့ ဒီရာသီမြန်မာနေရှင်နယ်လိဂ်မှာ ပေးဂိုးလေးဂိုးခွင့်ပြုထားရပြီး အမှတ်ပေးဇယားထိပ်ဆုံး ၃သင်းထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် AFC Cup အဖွင့်ပွဲမှာလည်း ဟိုချီမင်းအသင်းကို ၂ဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒီအတွက်ကြောင့် အသင်းခံစစ်ပိုင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ကျော်ဇင်ထက်က အထက်ပါအတိုင်းဖြေဆိုသွားခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီလိုဂိုးတွေပေးနေရတာကို နည်းပြကြီးရော၊ ကျွန်တော်တို့ပါ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြိုးစားနေပါတယ်၊ အဓိကက ပွဲနိုင်ဖို့ကိုပဲ အာရုံစိုက်တာပါ၊ နေရှင်နယ်လိဂ်နောက်ဆုံး ၂ပွဲမှာဆိုရင် ပေးဂိုးမရှိခဲ့ပါဘူး၊ ဂိုးတွေပေးနေရတာက အဓိကကျတယ်လို့တော့ မထင်ပါဘူး၊ အဓိကက ကျွန်တော်တို့ ပွဲနိုင်ဖို့ကိုပဲ အဓိကထားတယ်လို့ ပြောရမှာပါ" လို့ ရန်ကုန်အသင်းခေါင်းဆောင်ကျော်ဇင်ထက်က ပြောဆိုခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်ကတော့ နေရှင်နယ်လိဂ် ၅ပွဲကစားအပြီးမှာ ၄ပွဲအနိုင်ရကာ ၁ပွဲသရေကျထားခဲ့ပြီး ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၂နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းက သွင်းဂိုး ၁၁ဂိုးရရှိထားပြီး ပေးဂိုး ၄ဂိုးခွင့်ပြုထားရတာဖြစ်ပါတယ်။ ရတနာပုံကို ၂ဂိုး၊ ချင်းယူနိုက်တက် နဲ့ ဇွဲကပင်တို့ကို တစ်ဂိုးစီခွင့်ပြုထားရတာကိုလည်း တွေ့ရှိရပါတယ်။ 


loading...

က္က