အဆင့်သတ်မှတ်မှုအမြင့်ဆုံးနေရာ ၃ အတွက်သာ မျှော်လင့်ရတော့မှာပါ။

အသင်းပေါင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ကြကာ အိမ်ရှင်ဂျပန်နိုင်ငံက အသင်း ၃သင်းပါဝင်ပြီး အာဆီယံဒေသကအသင်းတွေအဖြစ် မြန်မာ၊ တီမော၊ လာအို၊ ဗီယက်နမ် နဲ့ ထိုင်းတို့ ပါဝင်ကြတယ်လို့လည်း သိရပါတယ်။ 


Jenesys 2019 Japan-Asean U-19 Football Tournament ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ၁၉ အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ပွဲကို ၃-ဝနဲ့ အရေးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာယူ၁၉အတွက်တော့ ဒီရှုံးပွဲကအထိနာခဲ့ပြီး တတိယနေရာလုပွဲကိုသာ ရည်ရွယ်ကစားရတော့မှာလည်းဖြစ်ပါတယ်။

အဖွင့်ပွဲမှာ ဂျပန်က ကာဂိုရှီးမားယူနိုက်တက်အသင်းကို ၇-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ မြန်မာယူ၁၉ အသင်းဟာ ဒုတိယပွဲမှာတော့ တီမောအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့သာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီး အဆင့်သတ်မှတ်ချက်အမြင့်ဆုံးအဆင့်ရောက်ရှိဖို့ မျှော်လင့်ချက်ကုန်ဆုံးခဲ့ရပါတယ်။ 

မြန်မာယူ၁၉အသင်းကို ဦးစိုးမြတ်မင်းက ကိုင်တွယ်နေတာဖြစ်ပြီး ရှေ့ပွဲစဉ်နှစ်ပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပေမယ့်လည်း ကမ္ဘောဒီးယားကို အရေးနိမ့်ခဲ့ရမှုက တော်တော်လေးနစ်နာခဲ့ရပါတယ်။ ဒီပြိုင်ပွဲကိုတော့ ဂျပန် နဲ့ အာဆီယံဒေသက လူငယ်ကစားသမားတွေအတွက် ရည်ရွယ်ကျင်းပနေတာဖြစ်ပြီး ပြိုင်ပွဲအပြင် ဂျပန်တို့ရဲ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကိုပါ လေ့လာခွင့်ရမယ့် အစီအစဉ်တစ်ခုလို့ သိရပါတယ်။ 

အသင်းပေါင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ကြကာ အိမ်ရှင်ဂျပန်နိုင်ငံက အသင်း ၃သင်းပါဝင်ပြီး အာဆီယံဒေသကအသင်းတွေအဖြစ် မြန်မာ၊ တီမော၊ လာအို၊ ဗီယက်နမ် နဲ့ ထိုင်းတို့ ပါဝင်ကြတယ်လို့လည်း သိရပါတယ်။ 


Photo : Ko Ye Facebook




က္က