၁၀ကြိမ်မြောက် Japan - Mekong Summit Meeting အထိမ်းအမှတ်အဖြစ် ကျင်းပတာ ဖြစ်ပြီး မြန်မာအသင်းကတော့ အုပ်စု(က)မှာ ဂျပန်၊ဗီ ယက်နမ်၊ကမ္ဘောဒီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျပန်-မဲခေါင် ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာအသင်း အနေနဲ့ ဖိတ်ကြားခံခဲ့ရပါတယ်။
ဒီပြိုင်ပွဲက ၁၀ကြိမ်မြောက် Japan - Mekong Summit Meeting အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မဲခေါင် ဒေသက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်ယူ-၁၇ အသင်းများနဲ့အတူ ဂျပန် ယူ-၁၇ အသင်း၊ hoshi High School အသင်း၊ Bellmare အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့မှာ အောက်တိုဘာ ၃ ရက်ကနေ ၁၀ ရက်ထိ အုပ်စုနှစ်ခုခွဲကာ ကျင်းပမှာ ဖြစ်ပြီး မြန်မာယူ-၁၇အသင်းကတော့ အုပ်စု (ခ) မှာ ဗီယက်နမ်အသင်း၊ ဂျပန်အသင်း၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ ကျရောက်နေပါတယ်။
ဒါကြောင့် လက်ရှိမှာတော့ မြန်မာယူ-၁၇ အသင်းကို အုပ်ချုပ်သူ အဖြစ် ဦးစည်သူဝင်း၊ နည်းပြချုပ်အဖြစ် ဦးညီညီလတ်တို့က ဆောင်ရွက်ကာ ကစားသမား ၂၀ ဦး၊ စုစုပေါင်း ၂၅ ဦးသွားရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်ပြီးလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲကိုတော့ ဖူကူရှီးမားမြို့မှာရှိတဲ့ J Village National Soccer Training Center မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီစင်တာဟာဆိုရင် ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ငလျင် ဒဏ်ခံခဲ့ ရပြီးနောက်ပိုင်း ၇ နှစ်ကြာမှ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။
ဒီနေရာကိုတော့ ဂျပန်နိုင်ငံ အနေဖြင့် J Village ကို အားကစား နှင့်ပတ်သတ်တဲ့ ပြယုဂ် တစ်ခုအနေနဲ့ လူအများကို ဆွဲဆောင်နိုင်ရန် ပြန်လည် တည်ဆောက် ထားခြင်းလည်း ဖြစ်ပါတယ်။
မြန်မာယူ-၁၇ အသင်း အနေနဲ့ အောက်တိုဘာ ၅ တွင် ဗီယက်နမ်အသင်း၊ အောက်တိုဘာ ၆ တွင် ဂျပန်အသင်း၊ အောက်တိုဘာ ၇ တွင် ကမ္ဘောဒီယား အသင်းတို့နဲ့ အသီးသီး ကစားရမှာ ဖြစ်ပြီး ဖိုင်နယ် ပွဲစဉ်တွေကိုတော့ အောက်တိုဘာ ၈ ရက်မှာ ကစားစေမှာ ဖြစ်ပါတယ်။