မနက်ဖြန်(တနင်္လာ)မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းလိဂ်ပွဲတွေကို ရပ်နားထားရတဲ့ အနေအထားမှာ ရှိနေရပါတယ်။

မတ်လ ၂၆ ရက်နေ့မှာ ဂျပန်-မြန်မာ ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲကို ကစားဖို့၊မကစားဖို့နဲ့ပတ်သက်ပြီး မနက်ဖြန်မှာ ဖီဖာနဲ့ အိမ်ရှင် ကျင်းပအလှည့်ကျ နိုင်ငံတွေ တွေ့ဆုံဆွေးနွေးကြမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSportsကို ပြောပါတယ်။

ဂျပန်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ ခြေစစ်ပွဲ ဒု-ကျော့ကို ဂျပန်နိုင်ငံမှာ ကစားဖို့ စီစဥ်ထားတာ ဖြစ်ပြီး လတ်တလောမှာတော့ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ပြည်တွင်းလိဂ်ပွဲတွေကိုတောင် ရပ်နားထားရတာပါ။

“ပွဲရွှေ့မယ်၊မရွှေ့ဘူးဆိုတာတော့ ဒီကနေ့ အတည်မပြုပေးနိုင်သေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး စည်းဝေးဆုံးဖြတ် မှုကိုတော့ မနက်ဖြန်(တနင်္လာ)မှာ မလေးရှားမှာ ဖီဖာနဲ့အိမ်ရှင်နိုင်ငံတွေ တွေ့ဆုံမယ်လို့ သိရပါတယ်။အဲ့ဒါပြီးရင် တော့ ကစားဖြစ်မလား မကစားဖြစ်ဘူးလားဆိုတာ သိရပါမယ်။”လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

ဂျပန်-မြန်မာပွဲသာမက အာရှဘောလုံးအဖွဲ့ချုပ်လက်အောက်မှာရှိနေတဲ့ အသင်းအားလုံးရဲ့ ပြိုင်ပွဲ ၃၂ ပွဲစလုံးကို ရွှေ့ဆိုင်းဖို့ လိုမလို ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ကြမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၂၆ရက်နေ့နဲ့ မတ်လ ၃၁ ရက်နေ့တွေမှာ ကစားရမယ့် မြန်မာအသင်းရဲ့ ကမ္ဘာ့ဖလားနဲ့အာရှဖ လားခြေစစ်ပွဲ ၂ ပွဲစလုံးရဲ့ အခြေအနေကို မနက်ဖြန်မှာ အတိအကျ သိနိုင်ဖို့ များနေပါတယ်။

အခု အစီအစဥ်ကို အရေးပေါ် အစည်းအဝေးပြုလုပ်သွားမှာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနိုကိုယ်တိုင် ဝါရှင်တန်ပို့စ် သတင်းဌာနမှာ ပြောသွားတာ ဖြစ်ကြောင်းလည်း Fox Sports Asia သတင်းဌာရဲ့ ဖော်ပြချက်အရသိရပါတယ်။



“လူသားတွေရဲ့ ကျန်းမာရေးက ဘောလုံးပွဲတွေထက် ပိုအရေးကြီးပါတယ်။ဒါ‌ကြောင့် လက်ရှိအခြေအနေထက် ပိုဆိုးလာလား၊လျော့နည်းသွားလားဆိုတာ စောင့်ကြည့်ရပါမယ်။လတ်တလောမှာတော့ ပိုဆိုးလာတဲ့ အနေအ ထားမှာသာ ရှိနေပါသေးတယ်။အခု မတ်လထဲကစားမယ့်ပွဲတွေကိုလည်း ရွှေ့ရမလား(သို့)ကွင်းပိတ်ကစားစေ မလားဆိုတာကိုတော့ စည်းဝေးဆုံးဖြတ်ပါမယ်။”လို့ ပြောသွားတာပါ။

မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ ပထမအကျော့ပွဲကို ရန်ကုန်မြို့မှာ ကစားခဲ့ပြီး ဂျပန်အသင်းက ၂-၀နဲ့ နိုင်ထား ပါတယ်။


က္က