မြန်မာအသင်းအနေနဲ့လည်း အုပ်စု(စ)မှာ ဂျပန်၊ကာဂျစ္စတန်၊တာဂျကစ္စတန်၊မွန်ဂိုလီးယား၊စတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဆင့် ၄မှာ ရပ်တည်နေပါတယ်။

လိဂ်ပြန်စခွင့်ရပြီ ဖြစ်လို့ မြန်မာ့လက်ရွေးစင်အသင်းကို လိဂ်ပြီးဆုံးမယ့် အောက်တိုဘာလောက်မှာ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ကာ ကမ္ဘာ့ဖလားနှင့်အာရှဖလားခြေစစ်ပွဲကို ကစားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျင်းပလျက်ရှိတဲ့ ၂၀၂၂ကမ္ဘာ့ဖလားနှင့် ၂၀၂၃အာရှဖလား ခြေစစ်ပွဲတွေကို ကိုဗစ်ကြောင့် သတ်မှတ်ရက်အတိုင်း ဆက်လက်မကျင်းပနိုင်တော့ပဲ ရပ်နားထားလျက်ရှိပါတယ်။



မြန်မာအသင်းအနေနဲ့လည်း အုပ်စု(စ)မှာ ဂျပန်၊ကာဂျစ္စတန်၊တာဂျကစ္စတန်၊မွန်ဂိုလီးယား၊စတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဆင့် ၄မှာ ရပ်တည်နေပါတယ်။

လက်ကျန် ၃ပွဲကစားဖို့ ရှိသေးပြီး ဂျပန်၊တာဂျကစ္စတန်အသင်းတို့နဲ့ အဝေးကွင်းကစားရမှာဖြစ်ပြီး ကာဂျစ္စတန်အ သင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာပါ။

ဒါပေမယ့် ကိုဗစ်ကြောင့် ပြိုင်ပွဲတွေကို ရပ်နားထားရာမှာတော့ ယခုအခါ ကိုဗစ်သတ်မှတ်စည်းမျဥ်းတွေနဲ့အတူ ပြန်လည်ကစားနိုင်ရေး လုပ်ဆောင်လျက်ရှိရာမှာတော့ ဂျပန်-မြန်မာပွဲစဥ်ကို အမြန်ဆုံး ပြန်လည်ဖြစ်မြောက်နိုင် ရေးကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဒီကနေ့ သြဂုတ်လ ၁၂ရက်နေ့ မနက် ပိုင်းက နိုင်ငံ‌တော် အတိုင်ပင်ခံနှင့်ပြုလုပ်ခဲ့တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“မနေ့က ဂျပန်က ဘောလုံး ဥက္ကဌနှင့် ဗီဒီယိုကတဆင့်ဆွေးနွေးခဲ့ရာမှာတော့ နှစ်နိုင်ငံစလုံးကနေ တောင်းဆိုရင် ဖီဖာအနေနဲ့ ပိုပြီးလျော့ပေါ့ပေးနိုင်တယ်လို့ သိရလို့ ဒီလိုပြောင်းလဲကျင်းပနိုင်ဖို့ စီစဥ်ထားပါတယ်။ဒါကလည်း ဂျ ပန်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ဝမ်းသာစရာပါ။”လို့ ဦးဇော်ဇော်က ပြောခဲ့ပါ တယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအနေနဲ့ပြည်ပလေကြောင်းခရီးစက် ပျံသန်းမှုတွေကို ယာယီပိတ်ထားပြီး အထူး ကယ်ဆယ်‌ရေးလေယာဥ်တွေနဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကိုသာ ခွင့်ပြုထားပါတယ်။

မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းနဲ့ ပွဲစဥ်ကို အဝေးကွင်းလိုက်ပါ ကစားရမှာဖြစ်တာကြောင့် ကစားဖြစ်ခဲ့ရင် ဘယ်လိုပုံစံနဲ့ သွားရောက်ကစားနိုင်မလဲဆိုတာကလည်း မသိရသေးပါဘူး။

မြန်မာအသင်းကတော့ ပထမအကျော့ အိမ်ကွင်းမှာ ဂျပန်အသင်းကို လက်ခံ ကစားခဲ့စဥ်ကတော့ ၀-၂နဲ့ အရေးနိမ့် ထားပါတယ်။

လက်ရှိ အုပ်စုတွင်း မြန်မာအသင်း ရပ်တည်နေတဲ့ အဆင့် ၄နေရာက ကမ္ဘာ့ဖလားကို နောက်တစ်ဆင့် ဝင်ခွင့်မရ တော့ပေမယ့် အာရှဖလားပြိုင်ပွဲကိုတော့ တတိယအဆင့်(သို့)ပလေးအော့ဖ်အဆင့်ကနေ ဆက်လက် ကစားခွင့်ရ မှာလည်း ဖြစ်ပါတယ်။



က္က