ဒီနေ့မှာ ဗိုလ်လုပွဲကို ကစားခဲ့ကြတာပါ။

ဗိုလ်လုပွဲမှာ ဟင်္သာတ (က) အသင်းနဲ့ ပုသိမ် (ဂ) အသင်းတို့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီး ပုသိမ် (ဂ) အသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။


Myanmar Care က အဓိကကူညီပံ့ပိုးပေးနေတဲ့ MNL MPT ယူ၁၄ လူငယ်ပြိုင်ပွဲရဲ့ ပုသိမ်ဇုန်ပြိုင်ပွဲမှာ ဟင်္သာတ (က) အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ဟင်္သာတ (က) အသင်းနဲ့ ပုသိမ် (ဂ) အသင်းတို့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီး ပုသိမ် (ဂ) အသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ ပုသိမ် (ဂ) အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟင်္သာတ (က)အသင်းက ချေပဂိုးရဖို့ တိုက်စစ်ကိုအစွမ်းကုန်ကစားခဲ့ပြီးနောက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာတော့ ၃-၁ နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ နှစ်ဖက်အသင်းပရိသတ်တွေ လာရောက်ကြည့်အားပေးခဲ့ကြပြီး စည်ကားသိုက်မြိုက်နေတာကိုလည်း တွေ့ရပါတယ်။ ဗိုလ်လုပွဲအပြီးမှာတော့ ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး တာဝန်ရှိသူများက အသင်းလိုက်ဆုများနဲ့ တစ်ဦးချင်းအကောင်းဆုံးဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ Myanmar Care ကလည်း ဆုရရှိခဲ့တဲ့ အသင်းတွေကို အားကစားပစ္စည်းများ ပံ့ပိုးကူညီပေးခဲ့ပါတယ်။

ဒီနှစ်အတွက် ပြုလုပ်တဲ့ ယူ၁၄ ဘောလုံးပြိုင်ပွဲကတော့ စစ်တွေဇုန်ပြိုင်ပွဲတစ်ခုတည်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ စစ်တွေဇုန်ပြိုင်ပွဲကလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


(ယခုသတင်းကို Myanmar Care က အဓိကကူညီပံ့ပိုးပေးထားပါတယ်)



က္က