အဓိကတိုက်စစ်အတွဲအဖက်အဖြစ် ခြေစွမ်းပြနေတာပါ။

 လက်ရှိဘောလုုံးရာသီရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်လို့ ဆိုရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ပွဲဆက်တိုက် သူတို့နှစ်ဦးစလုံးက ဂိုးကိုယ်စီသွင်းယူပေးခဲ့ပြီး အီမီကာက ဟက်ထရစ်တစ်ကြိမ်ရရှိခဲ့ပါတယ်။ 


မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၆ အပြီးမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက ၆ ပွဲစလုံးကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။ ဦးမျိုးမင်းထွန်းလက်ထက်မှာ ဟံသာဝတီက အသင်းသမိုင်းတစ်လျှောက် တာထွက်အကောင်းဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ထားပြီး ဒုတိယနေရာကအသင်းတွေဖြစ်တဲ့ ရန်ကုန် နဲ့ ဧရာဝတီတို့ကို ၂မှတ်ဖြတ်တောက်ထားတာဖြစ်ပါတယ်။ 

ဟံသာဝတီအသင်းအနေနဲ့ ၆ ပွဲကစားအပြီးမှာ ရဂိုး ၁၈ ဂိုးအထိ ရရှိခဲ့ကာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီး ပေးဂိုးကလည်း ၃ဂိုးသာခွင့်ပြုထားရလို့ ၂ပွဲကိုမှ တစ်ဂိုးနှုန်းပေးထားရပြိး တိုက်စစ်၊ခံစစ်ဟန်ချက်ညီနေတာကို တွေ့ရှိရပါတယ်။ ဟံသာဝတီအသင်းရဲ့ အခုလိုမျိုး ရပ်တည်နိုင်မှုမှာ အဓိကကစားသမားတွေအဖြစ် တိုက်စစ်အတွဲဖြစ်တဲ့ ဒေါ်နယ်ဘစ်ဆာ နဲ့ အီမီကာတို့က ပါဝင်နေခဲ့ပါတယ်။

သူတို့နှစ်ဦးပေါင်းက ဒီရာသီမှာ သွင်းဂိုး ၁၅ဂိုးအထိ ရရှိထားပြီး အီမီကာက ၈ ဂိုး၊ ဒေါ်နယ်ဘစ်ဆာက ၇ ဂိုးအထိသွင်းယူပေးထားတာဖြစ်ပါတယ်။ လက်ရှိဘောလုုံးရာသီရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်လို့ ဆိုရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ပွဲဆက်တိုက် သူတို့နှစ်ဦးစလုံးက ဂိုးကိုယ်စီသွင်းယူပေးခဲ့ပြီး အီမီကာက ဟက်ထရစ်တစ်ကြိမ်ရရှိခဲ့ပါတယ်။ 

ဒီနိုင်ငံခြားသားတိုက်စစ်မှူးနှစ်ဦးရဲ့ ခြေစွမ်းကြောင့်ရော၊ အသင်းလိုက်ကစားပုံနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဟံသာဝတီက ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတာလို့ ယူဆရမှာဖြစ်ပါတယ်။ သူတို့ကို အနီးစပ်ဆုံးဖိအားပေးနေတဲ့ ကစားသမားအဖြစ် စစ်ကိုင်းယူနိုက်တက်အသင်းက ပက်ထရစ်က ၆ ဂိုး၊ ရန်ကုန်ယူနိုက်တက်က အီမန်နူရယ်က ၅ဂိုးစီသွင်းယူပြီး ရှိနေခဲ့ကြပါတယ်။ 



က္က