loading...

loading...

loading...

ဒီနေ့မှာ ISPE နဲ့ ဇွဲကပင်တို့ရဲ့ ပွဲစဉ်ကို ကစားသွားမှာပါ။
Pyae Phyo Thein

ဟံသာဝတီတို့ တောက်လျှောက်နိုင်ပွဲဆက်နေမှုနဲ့အတူ မြန်မာနေရှင်နယ်လိဂ်ကလည်း ပွဲစဉ် ၈ အထိ ရောက်ရှိလာခဲ့ပါပြီ။ ပွဲစဉ် ၇ အပြီးမှာ ဟံသာဝတီက အမှတ်ပေးဇယားကို လေးမှတ်အသာနဲ့ ဦးဆောင်လိုက်ပြီး ရန်ကုန်နဲ့ ဧရာဝတီက ရမှတ်တူနဲ့ ဒုတိယနေရာမှာ ရှိနေကြပါတယ်။ ဒီတစ်ပတ်မှာ ဟံသာဝတီကို စမ်းသပ်မယ့်ပွဲအဖြစ် ဧရာဝတီကွင်းကို သွားကစားရမယ့်ပွဲရှိပြီး ပွဲစဉ် ၈ အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 


ISPE - ဇွဲကပင်

ပွဲစဉ် ၇ မှာ ISPE က မကွေးကို နောက်ကလိုက်ကစားပြီး ဒုတိယမြောက်နိုင်ပွဲကို ရယူခဲ့ပါတယ်။ ဇွဲကပင်ကတော့ နိုင်ပွဲပျောက်နေဆဲဖြစ်ပြီး ဇယားအောက်ဆုံးမှာရှိနေကာ သူတို့အတွက် ဒီပွဲက ပထမဆုံးနိုင်ပွဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းချင်းယှဉ်မယ်ဆိုရင်တော့ ISPE က အသာစီးရရှိနေပါတယ်။ အသင်းလိုက်ကစားပုံအရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အသာစီးရနေတာဖြစ်ပြီး မန္တလာသီရိမှာလည်း ဇွဲကပင်ကို ISPE က အနိုင်ယူပြီး တတိယမြောက်နိုင်ပွဲကို ပုံဖော်သွားနိုင်ဖွယ်ရှိနေပါတယ်။ 


ဧရာဝတီ - ဟံသာဝတီ

ရတနာပုံကို နောက်ကျချေပဂိုးပေးပြီး သရေကျခဲ့တာက ဧရာဝတီအတွက် နစ်နာခဲ့ရပါတယ်။ ဟံသာဝတီနဲ့ ရမှတ်ကွာဟမှုကြီးမားသွားပြီး ပြန်လိုက်မီဖို့အတွက်တော့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ တစ်ဖက်မှာ ဟံသာဝတီက ၇ ပွဲဆက်တိုက်နိုင်ပွဲယူပြီးတော့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ စစ်ကိုင်းကို ခက်ခက်ခဲခဲကစားခဲ့ရပေမယ့် ဟံသာဝတီရဲ့ အသင်းလိုက်ကစားပုံက ကောင်းမွန်နေဆဲပါ။ ဒါပေမယ့် ဧရာဝတီရဲ့ အိမ်ကွင်းခြေစွမ်းနဲ့ ပရိသတ်အားပေးမှုတွေက ဟံသာဝတီအတွက်တော့ ဖိအားဖြစ်စေမှာ သေချာပါတယ်။ ဦးမျိုးလှိုင်ဝင်းကလည်း ဒီလိုပွဲမျိုးကို အနိုင်ယူဖို့ အားခဲနေမှာသေချာပါတယ်။ အမှတ်ကွာဟချက်လည်း ပိုမများသွားအောင် ဧရာဝတီ ခြေကုန်ထုတ်ကစားသွားဖို့ ရှိနေပေမယ့် ဒီပွဲက သရေကျဖို့ ပိုပြီးရာနှုန်းများနေပါတယ်။ နိုင်မယ်ဆိုရင်တောင်မှ ဘယ်အသင်းမှဂိုးမပြတ်နိုင်ဘဲ ဧရာဝတီက အနိုင်ရနို်ငချေပိုပြီးရှိနေပါတယ်။ 


ဆောက်သမ်းမြန်မာ - ရတနာပုံ

ဆောက်သမ်းကတော့ နိုင်ပွဲစရတဲ့အချိန်မှာပဲ ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ လှပခဲ့ပါတယ်။ ကစားအားကောင်းတဲ့ ချင်းယူနိုက်တက်ကို ၈ ဂိုးအထိသွင်းယူနိုင်ခဲ့တာက အံ့အားသင့်စရာဖြစ်ပြီး ရတနာပုံနဲ့ပွဲအတွက် သူတို့တက်ကြွနေပါလိမ့်မယ်။ နိုင်ပွဲတောက်လျှောက်ပျောက်နေတဲ့ ရတနာပုံအတွက်လည်း ဒီပွဲက နိုင်ပွဲပြန်ရဖို့ အခွင့်အရေးဖြစ်နေပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် ကစားသမားအင်အားအရရော၊ ခြေစွမ်းအရပါ ရတနာပုံက သာလွန်နေလို့လည်း သူတို့ပဲ အနိုင်ယူသွားပါလိမ့်မယ်။ ဂိုးတောင်ပြတ်သွားဖွယ်ရှိနေပါတယ်။ 


စစ်ကိုင်းယူနိုက်တက် - မကွေး

ဟံသာဝတီကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့ စစ်ကိုင်းတို့ မုံရွာကွင်းမှာ နိုင်ပွဲရဖို့ အခြေအနေကောင်းတယ်လို့ ပြောရပါမယ်။ မကွေးရဲ့ လက်ရှိခြေစွမ်းနဲ့ဆို စစ်ကိုင်းတို့ အနိုင်ယူဖို့ မခက်လှပါဘူး။ စစ်ကိုင်းတိုက်စစ်ပိုင်းကသာ အခွင့်အရေးတွေအဆုံးသတ်နိုင်ဖို့ လိုအပ်နေပြီး ဖရိုက်ဒေးတို့အုပ်စု ဂိုးသွင်းခြေတွေ့ရင် သေချာပေါက်နိုင်ပွဲရပါလိမ့်မယ်။ မကွေးအတွက်တော့ အမြင့်ဆုံးရလဒ်က သရေပါပဲ။ 


ရခိုင်ယူနိုက်တက် - ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အတွက်တော့ ပွဲကျပ်ပါပဲ။ ဝေသာလီမှာဆိုရင် ရခိုင်က ဘယ်အသင်းကိုမဆိုယှဉ်ကစားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ရန်ကုန်ရဲ့ ကစားပုံအားနည်းနေမှုနဲ့တော့ ရခိုင်အတွက် အခွင့်အရေးကောင်းတွေရှိနေပါတယ်။ ကြားရက်မှာ အေအက်ဖ်စီပွဲကစားထားရလို့လည်း ရန်ကုန်ပွဲပန်းနေပါတယ်။ မောင်မောင်လွင်ဆီက ဘောလုံးမထွက်ရင် ဂိုးမသွင်းနိုင်တဲ့ တိုက်စစ်ပိုင်းအနေအထားကြောင့်လည်း ရန်ကုန်အခက်တွေ့နိုင်ပါသေးတယ်။ သရေကျဖို့များပြီး ရန်ကုန်အနိုင်ရခဲ့မယ်ဆိုရင် ခက်ခက်ခဲခဲကစားသွားရဖို့ ရှိနေပါတယ်။ 


ချင်းယူနိုက်တက် - ရှမ်းယူနိုက်တက်

ဆောက်သမ်းကို အရှက်ရဖွယ်အရေးနိမ့်ခဲ့တဲ့ ချင်းယူနိုက်တက် နဲ့ အေအက်ဖ်စီဖလားမှာ ရလဒ်ဆိုးခဲ့တဲ့ ရှမ်းတို့ တွေ့ဆုံတာပါ။ ရှမ်းယူနိုက်တက်ရဲ့ ပေါက်ကွဲမှုကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ဒီတစ်ရာသီလုံးမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိတဲ့ ရှမ်းယူနိုက်တက်တို့ အသင်းကြိးတွေဆိုရင် မာမာထန်ထန်တုံ့ပြန်တတ်တဲ့ ချင်းကြောင့်လည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးကို အနိုင်ကစားပြီး ထိပ်ပိုင်းအသင်းတွေကို အမှတ်ပြန်လိုက်ရမှာမို့ မဖြစ်မနေကို ရှမ်းအနိုင်ကစားပါလိမ့်မယ်။ နိုင်ပွဲလည်းရသွားပါလိမ့်မယ်။ 


loading...

က္က