ဧရာဝတီအသင်းအနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ပေမယ့်လည်း လက်ကျန် ၃ပွဲက ရှမ်း၊ရန်ကုန်၊ဟံသာ ဝတီ ၃ပွဲဆက် ပွဲကြပ်ကစားရမှာ ဖြစ်လို့ လွယ်လွယ်နဲ့တော့ ချန်ပီယံ မဖြစ်နိုင်ပါဘူး။

ဓာတ်ပုံ - မြန်မာနေရှင်နယ်လိဂ်



ကျင်းပလျက်ရှိတဲ့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကတော့ ပြီးဆုံးဖို့ ၃ပွဲသာ လိုတော့ပြီး ဒီအချိန်မှာတော့ ဧရာ ဝတီ ယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ဒီနေ့မှာတော့ ဟံသာဝတီအသင်းက ရန်ကုန်အသင်းနဲ့ ကစားခဲ့ရာမှာ ဂိုးမရှိသရေကျခဲ့ပြီး ဧရာဝတီက ရခိုင်ကို ၂-၁ နဲ့ လည်းကောင်း လက်ရှိချန်ပီယံ ရှမ်းက အား/ကာသိပ္ပံကို ၃-၁နဲ့လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြပါတယ်။

ဒါကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ်တူ ပူးတွဲရပ်တည်နေတဲ့ ဧရာဝတီနဲ့ ဟံသာဝတီအသင်းတို့ကြား ၂မှတ် ကွာဟသွားပြီး ဧရာဝတီအသင်းက အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နေပါပြီ။

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကလည်း ထိပ်ဆုံးက ဧရာဝတီနဲ့ ၄မှတ်အကွာ ဟံသာဝတီနဲ့ ၂မှတ် အကွာကို ရောက်ရှိနေပါပြီ။

လက်ကျန်ပွဲတွေမှာ ဧရာဝတီက ရှမ်း၊ရန်ကုန်နဲ့ဟံသာဝတီတို့ကို ၃သင်းဆက်တိုက်ကစားရမှာ ဖြစ်တာကြောင့် ပွဲတိုင်းနိုင်ရင်တော့ ချန်ပီယံ ဖြစ်ပါပြီ။

ရှမ်းအနေနဲ့ ဧရာဝတီကို အနိုင်ကစားနိုင်မယ်ဆိုရင် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတော်လေး အခြေအနေ ကောင်းမှာ ဖြစ်လို့ လာမယ့် အပတ်မှာ သူတို့နှစ်သင်းတွေ့ဆုံမှုက စိတ်လှုပ်ရှားစရာ အပြည့်ပေးစွမ်းမှာပါ။

ဟံသာဝတီအနေနဲ့ကတော့ လက်ကျန် ၃ပွဲမှာ ရှေ့၂ပွဲဖြစ်တဲ့ ရတနာပုံနဲ့မကွေးကို နိုင်ထားပါမှ နောက်ဆုံးပွဲမှာ ဧရာဝတီနဲ့အတွေ့ အခွင့်အရေး အပြည့်နဲ့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်မှာပါ။

လက်ရှိအချိန်ထိတော့ မြန်မာနေရှင်နယ်လိဂ်ရဲ့ ချန်ပီယံ ဘယ်သူ ဖြစ်မလဲဆိုတာ အဖြေမပေါ်သေးပဲ နောက်ဆုံး ပွဲစဥ်အထိ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က