၁၄ ရက်နေ့မှာ စီးရက်စ်နဲ့ ကစားရပါမယ်။

၂၀၁၉ မှာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ်ရဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမအဆင့် ခြေစစ်ပွဲက စတင်ကစားခွင့်ရထားတာပါ။

၂၀၂၀ ချာရတီကွင်းဖွင့်ဖလားကို ဆွတ်ခူးခဲ့ပေမယ့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူ နိုက်တက်အသင်းအနေနဲ့ အာရှအဆင့်ပွဲတွေ ကစားဖို့ လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ နည်းပြချုပ် ဦးအောင်နိုင်က DuwunSportsကို ပြောပါတယ်။



ရှမ်းအသင်းက ရန်ကုန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၀ ချာရတီကွင်းဖွင့်ဖလား ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပြီး အသင်းအနေနဲ့ အမှားများစွာကို ပြန်လည်ပြင်ဆင်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။



“ ကျွန်တော်တို့ ပထမပိုင်းမှာအမှားများစွာ ကျူးလွန်ခဲ့ပါတယ်။ကြိုးစားဖို့ လိုပါသေးတယ်။အမှားတွေအများကြီး ရှိနေပါသေးတယ်။ပြင်ဆင်ဖို့တော့ အချိန်ရှိပါသေးတယ်။အကောင်းဆုံး ပြင်ဆင်သွားမှာပါ။”လို့ ဦးအောင်နိုင်က ပြောပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အာရချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်ကနေ စတင်ကစားရမှာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖိလစ်ပိုင်ကလပ် စီးရက်စ်အသင်းနဲ့ အဝေးကွင်းသွားကစားရမှာပါ။

ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အာဆီယံ ‌ဒေသတွင်း အသစ်ထပ်မံ မွေးဖွားလိုက်တဲ့ အာဆီယံ ကလပ်ချန်ပီယံရှစ်ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ကစားဖို့ ရှိနေပါသေးတယ်။

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ မကစားခင်မှာတော့ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲအဖြစ် တန်းတက် ISPE အသင်းနဲ့ မန္တလေးမှာ အဝေးကွင်းစတင်လိုက်ပါ ကစားရဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က