တစ်လနားရမှာပါ။

၄ ပွဲကစားပြီးချိန် ၂ ဂိုးသွင်းယူထားပေးထားပြီး အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်လို့ အေအက်ဖ်စီပွဲတွေလည်း ကစားဖို့ ရှိနေတဲ့ ရှမ်းအတွက် ကြီးမားတဲ့ နစ်နာမှု ဖြစ်လာတာပါ။

ညာဖက် ခြေသလုံးရိုးကျိုး ဒဏ်ရာကြောင့် တိုက်စစ်မှူး ကိသ် တစ်လနားရမယ်လို့ ရှမ်းယူနိုက်တက်အသင်းက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။



လိုက်ဘေးရီးယား တိုက်စစ်မှူးရဲ့ ဒဏ်ရာက ရှမ်းယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ နစ်နာမှု ဖြစ်လာစေခဲ့ပြီး အကြောင်းကတော့ အားထားရတဲ့ ထိပ်တန်း ကစားသမား ဖြစ်နေလို့ပါ။

ကိသ်က ဒီရာသီ ရှမ်းအသင်းအတွက် ၄ ပွဲကစားပေးထားရာမှာ ၂ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ခြေသလုံးရိုးကျိုး ဒဏ်ရာကိုတော့ ပြီးခဲ့တဲ့ ဧရာဝတီကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကိသ်မပါတဲ့ပွဲတွေအဖြစ် ရှမ်းယူနိုက်တက်အသင်းဟာလာမယ့် အပတ်မှာ ရတနာပုံ၊ဇွဲကပင်၊ရန်ကုန်ယူနိုက်တက် တို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိနေသလို အေအက်ဖ်စီ ပွဲအဖြစ် ဖိလစ်ပိုင်ကလပ် ကာရာအက်ဖ်စီ၊အင်ဒိုနီးရှားကလပ် မာကာစာ အသင်းတွေနဲ့ ကစားဖို့ ရှိနေပါတယ်။

ကိသ် ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး - “ “အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရတာပဲ။အကောင်းဆုံး ကုပေးပြီး အသင်းအတွက်ပြန်ကစားနိုင်အောင် စီစဉ်နေပါတယ်။အားကိုးရတဲ့ ကစားသမားဆိုပေမယ့်တိုက်စစ်မှုးက သူ တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်းနဲ့ စအောင်ပြည့်ကိုတို့၃ ယောက်ရှိပါတယ်။ သူတို့လည်းလက်ရွေးစင်အဆင့် ပလေ ယာတွေပါ။စုစုစည်းစည်းနဲ့ ကစားရင် ရလဒ်ကောင်း ရမယ်လို့ယုံတယ်”လို့ နည်းပြချုပ် ဦးအောင်နိုင်က ပြောပါတယ်။



ရှမ်းယူနိုက်တက်အသင်းကတော့ လက်ရှိ လိဂ် ၄ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ရတနာပုံအသင်းနဲ့ မန္တလေးမှာ အဝေးကွင်းလိုက်ပါ ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က