COVID-19 အတွက် သီးသန့်ပေးတာမဟုတ်ဘူးလို့သိရပါတယ်။
Pyae Phyo Thein

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကနဦးထောက်ပံ့မှု ဒေါ်လာငါးသိန်းကို ရရှိထားပြီဖြစ်ကာ ကျန်ရှိနေသေးတဲ့ ထောက်ပံ့ကြေးကို ပုံမှန်ရရှိမယ့်အချိန်ထက် စောစီးစွာရရှိမှာလည်းဖြစ်ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အဖွဲ့ဝင်နိုင်ငံတွေအတွက် ထောက်ပံ့ကြေးတွေကို ပေးချေသွားမယ်လို့ တရားဝင်ကြေညာသွားခဲ့ပါတယ်။ နိုင်ငံပေါင်း ၂ဝဝကျော်ကို ပေးချေသွားမှာဖြစ်ပြီးတော့ စုစုပေါင်းဒေါ်လာသန်း ၁၅၀ ကို သက်ဆိုင်ရာနိုင်ငံအလိုက် ခွဲဝေရရှိမှာလည်းဖြစ်ပါတယ်။ 

"ဒီကူးစက်ရောဂါက ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးအတွက် မကြုံစဖူးစိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်" လို့ ဥက္ကဌအင်ဖာတီနိုက ပြောဆိုခဲ့တယ်လို့ AFC သတင်းဌာနမှာ ဖော်ပြပါရှိခဲ့ပါတယ်။ 

ဒီလိုထောက်ပံ့ကြေးပေးရာမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် သီးသန့်ပေးအပ်တာမျိုးမဟုတ်ဘဲ တစ်နှစ်တာအတွင်းရရှိမယ့် ထောက်ပံ့ကြေးကို ကြိုတင်ပေးချေတဲ့သဘောသာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Duwun Sports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။

"သူတို့ထုတ်ပြန်တဲ့ဟာက နည်းနည်းအငြင်းပွားစရာဖြစ်နေတာပေါ့၊ အမှန်က ကျွန်တော်တို့ နှစ်စဉ်ရရှိနေတဲ့ ထောက်ပံ့ကြေးကို ကြိုပြီးတော့ထုတ်ပေးတဲ့သဘောပါပဲ၊ ဒီဗိုင်းရပ်စ်ပြသနာဖြစ်ပွားနေလို့ဆိုပြီး သက်သက်ပေးလိုက်တာတော့မဟုတ်ပါဘူး၊ ပုံမှန်ဆိုရင် ၅လ၊ ၆လလောက်မှာ တစ်ကြိမ် ကျွန်တော်တို့ ထောက်ပံ့ကြေးရပါတယ်၊ အခုကတော့ နောက်ရမယ့်ဟာကို ကြိုပေးတာပါ" လို့ ဦးကိုကိုသိန်းက Duwun Sports ကို ပြောပြပါတယ်။ 


ဖီဖာအနေနဲ့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အဖွဲ့ဝင်နိုင်ငံတွေကို ထောက်ပံ့ကြေးပေးသွားမယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကနဦးထောက်ပံ့မှု ဒေါ်လာငါးသိန်းကို ရရှိထားပြီဖြစ်ကာ ကျန်ရှိနေသေးတဲ့ ထောက်ပံ့ကြေးကို ပုံမှန်ရရှိမယ့်အချိန်ထက် စောစီးစွာရရှိမှာလည်းဖြစ်ပါတယ်။ 



က္က