အသက်ကျော်ကစားသမား ၂ ဦးပါဝင်ခွင့်ရှိနေတာပါ။

ဒီနှစ်မှာ အသက်ကျော်ကစားသမား ၂ ဦးထည့်သွင်းခွင့်ရှိပြီး နည်းပြကလည်း ပဏာမ စာရင်းမှာ စည်သူအောင် ကိုထည့်သွင်းထားတာပါ။

ဖိလစ်ပိုင်ဆီးဂိမ်းဝင်မယ့် မြန်မာ့ယူ-၂၂ အသင်းရဲ့ ပဏာမ ကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ အသက်ကျော်ကစားသမား ၅ ဦးကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။



ဒီနှစ်ဆီးဂိမ်းမှာ အသက် -၂၂ နှစ်အောက် ပြိုင်ပွဲဖြစ်သလို အသက်ကျော် ကစားသမား ၂ ဦးထိလည်း ပထမဆုံး အကြိမ်ထည့်အသုံးပြုခွင့်ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဆီးဂိမ်းအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမ စာရင်းမှာတော့ အသက်ကျော် ကစားသမားတွေ ဖြစ်တဲ့ စည်သူအောင်၊ကျော်ကိုကို၊အောင်သူ၊ဇော်မင်းထွန်းနဲ့ လှိုင်းဘိုဘိုတို့ ၅ ဦးကို ပဏာမ စာရင်းထည့်သွင်းလာပါတယ်။

နည်းပြ ပိုပေါ့ တာဝန်ယူနေတဲ့ မြန်မာ ယူ-၂၂အသင်းအနေနဲ့ ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲသွား ကစားထားခဲ့ပြီးလက်ရှိမှာတော့ လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်နေကာ ကာတာကို ခြေစမ်းခရီးသွားဖို့လည်း ရှိပါတယ်။



ယူ-၂၂ ပဏာမ စာရင်းဝင်ကစားတွေထဲမှာတော့ကစားသမား ၃၅ ဦးထိပါဝင်လာခဲ့ပြီး အသက်ကျော်ကစားသမားထဲက ၂ ဦးသာ ပါဝင်လာမှာပါ။

ဒီ ၅ ဦးထဲမှာ လှိုင်းဘိုဘိုက ၂၀၁၅နဲ့၂၀၁၇၊ဇော်မင်းထွန်းက ၂၀၁၁ နဲ့ ၂၀၁၃ ၊ကျော်ကိုကိုက ၂၀၀၉၊၂၀၁၁၊၂၀၁ ၃ တို့ ကစားထားပြီး အောင်သူက ၂၀၁၇ တစ်ကြိမ်သာ ကစားထားပါတယ်။

စည်သူအောင်ကတော့ ၂၀၁၃၊၂၀၁၅နဲ့ ၂၀၁၇ တို့မှာ ကစားထားဖူးပြီး ယခုတစ်ကြိမ်ကစားခွင့်ကြုံခဲ့ရင် ၄ ကြိမ် မြောက် ကစားခွင့်ကြုံမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စည်သူအောင်အနေနဲ့ ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ၄ ကြိမ်ဆက် ကစားခွင့်ရရှိလာမယ့် ကစား သမား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဆီးဂိမ်းကတော့ လာမယ့် နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၁ ထိ ကျင်းပမှာဖြစ်ပေမယ့် ဘောလုံးပြိုင်ပွဲ ကတော့ နိုဝင်ဘာ ၂၅ လောက်က စတင်ဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က