ဆီရက်စ်နဲ့ရှမ်းယူနိုက်တက်တို့ဟာ ဇန်နဝါရီ ၁၄ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ရှမ်းယူနိုက်တက်အနေနဲ့ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲယှဉ်ပြိုင်ကစားဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကိုရောက် ရှိနေတာပါ။


ဇန်နဝါရီ ၁၂ရက်နေ့ ဖိလစ်ပိုင်စံတော်ချိန်ညနေပိုင်းတွင် မြို့တော်မနီလာနဲ့ ကီလိုမီတာ ၈ဝကျော်တွင် တည်ရှိတဲ့တယ်လ်မီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးပြာများကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားနေတယ် လို့ bbc က ဖော်ပြလာခဲ့ပြီး ချန်ပီယံလိဂ်ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ဆီရက်စ်- ရှမ်းယူနို က်တက်ပွဲစဉ်ကိုလည်း ကျင်းပဖို့အခက်အခဲအချို့ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကာလတုန်းက မြန်မာယူ-၂၂အသင်းတည်း ခိုခဲ့တဲ့ Century Park ဟိုတယ်အနီးမှာ ရှိတဲ့ Armada ဟိုတယ်မှာတည်းခိုနေတာဖြစ်ပြီး တယ်လ်မီး တောင်တည်ရှိရာလူဇွန်ကျွန်းနဲ့ ၅၅မိုင်အကွာမှာတည်ရှိတယ်လို့လည်း သိရပါတယ်။

“ မီးတောင်ပေါက်ကွဲတဲ့အခြေအနေက နည်းနည်းတော့ဆိုးတယ်လို့ ပြောရမယ်။ အခြေအနေဆိုး လား မဆိုးလားကို ပြောရရင် အပြင်ကိုထွက်လိုက်တာနဲ့ ပြာမှုန်တွေချည်းပဲ ” လို့ ရှမ်းယူနိုက်တက်နောက်ခံ လူရဲမင်းသူက duwunsports ကို ဖြေဆိုခဲ့ပါတယ်။

အဆိုပါတဲလ်မီးတောင်ဟာ ကမ္ဘာ့အသေးဆုံးမီးတောင်စာရင်းဝင်ဖြစ်ပြီး နှစ်ပေါင် ၄၅ဝအတွင်း ၃၄ကြိမ်  သာပေါက်ကွဲခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပြီး လက်ရှိမှာတော့ အပြင်းထန်ဆုံးပေါက်ကွဲမှုကြောင် ့ ဒေသခံ ၃၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရတယ်လို့လည်း သိရပါတယ်။

ဆီရက်စ်နဲ့ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမယ့် ၂၀၂၀ အာရှချန်ပီယံလိဂ်ပထမအဆင့်ခြေစစ်ပွဲ စဉ်ကိုလာမယ့်ဇန်နဝါရီ၁၄ရက်နေ့မှာကျင်းပမှာဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရာရီဇယ်မန်မိုရီရယ်ကွင်းမှာ ကစားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က