ဆီမီးဖိုင်နယ်ပွဲတွေကို ဇွန် ၂၀ နဲ့ ၂၁ တွေမှာ ဆက်လက်ကျင်းပသွားပါမယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇွန်လ ၂၀ ရက်နေ့မှာ T.G.K အက်ဖ်စီနဲ့အားသစ်အက်ဖ်စီ၊ ဇွန်လ ၂၁ ရက်နေ့မှာ Glory FC နဲ့ မန်းမြောက် လူငယ်အသင်းတို့ ကစားကြပါမယ်။

ပြင်ဦးလွင်မြို့မှာ MYANMAR BEER ကကြီးမှူးကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် WE ARE ONE CUP ပြိုင်ပွဲတွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီလို့ WE ARE ONE CUP ဖေ့ဘုတ်ပေ့ချ်ရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။

WE ARE ONE CUP ပြိုင်ပွဲအနေနဲ့ ပြင်ဦးလွင်မြို့မှာ ဒီနှစ်မှာမှ ပထမဆုံး စတင်ကျင်းပတာ ဖြစ်ပြီး ဒီနှစ်မှာတော့ ပြိုင်ပွဲဝင် အသင်း၃၂ သင်း ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ ၃၂ သင်းကို ၄သင်းပါ အုပ်စုတွေခွဲပြီး ကစားပါတယ်။ တစ်အုပ်စုကို ၂ သင်းစီတက်ရောက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ကနေ ၁၇ ရက်နေ့ထိ ကွာတားဖိုင်နယ် ၄ ပွဲ ကစားခဲ့ပါတယ်။”လို့ ပြင်ဦးလွင်မြို့ ပြိုင်ပွဲကျင်း ပရေးတာဝန်ခံ အဖြစ် ဆောင်ရွက်နေတဲ့ ကိုနေမျိူးဦးက DuwunSportsကို ပြောပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇွန်လ ၂၀ ရက်နေ့မှာ T.G.K အက်ဖ်စီနဲ့အားသစ်အက်ဖ်စီ၊ ဇွန်လ ၂၁ ရက်နေ့မှာ Glory FC နဲ့ မန်းမြောက် လူငယ်အသင်းတို့ ကစားကြပါမယ်။

ဒီပွဲစဉ်တွေပြီးရင်တော့ ဗိုလ်လုပွဲစဉ်ကို ဇူလိုင်လ ၆ ရက်နေ့မှာ ဆက်လက်ကစားသွားမယ်လို့သိရပါတယ်။


ပြင်ဦးလွင်မြို့က WE ARE ONE CUP ပွဲစဉ်တိုင်းလိုလိုကို ဒေသခံ ပရိသတ် အမြောက်အမြား လာရောက် အားပေးလျက်ရှိနေတာလည်း တွေ့ရပါတယ်။



က္က