မနက်ဖြန်မှာ ဆီမီးဖိုင်နယ်ပွဲတွေကို ကစားသွားမှာပါ။

 ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဟင်္သာတ (က) နဲ့ မြောင်းမြ (က)၊ ပုသိမ် (ဂ) နဲ့ မအူပင် (ခ) တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။


Myanmar Care က အဓိကကူညီပံ့ပိုးပေးနေတဲ့ MNL MPT U14 လူငယ်ဘောလုံးပြိုင်ပွဲရဲ့ ပုသိမ်ဇုန်ပြိုင်ပွဲကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပုသိမ်ဇုန်ပြိုင်ပွဲမှာတော့ ခြေညီတဲ့အသင်းတွေ များပြားနေခဲ့လို့ ပွဲစဉ်အများစုက အကြိတ်အနယ်ရှိခဲ့ပြီး ကြည့်ကောင်းတဲ့ပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။

အုပ်စုအဆင့်ပွဲစဉ်တွေကတော့ မနေ့က ပြီးဆုံးခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ကိုတော့ ဟင်္သာတ (က)၊ မြောင်းမြ (က)၊ ပုသိမ် (ဂ) နဲ့ မအူပင် (ခ) အသင်းတို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဟင်္သာတ (က) နဲ့ မြောင်းမြ (က)၊ ပုသိမ် (ဂ) နဲ့ မအူပင် (ခ) တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကနေတဆင့် မြန်မာ့ဘောလုံးလောကအတွက် အားကိုးအားထားပြုရမယ့် မျိုးဆက်သစ်ကစားသမားတွေ ထွက်ပေါ်လာဖို့ကို ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိဖို့၊ အားကစားကို ပိုမိုစိတ်ဝင်စားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ စီစဉ်ကျင်းပနေခဲ့တာဖြစ်ပြီး ပြိုင်ပွဲကတဆင့် ခြေစွမ်းထက်ကစားသမားတွေ ထွက်ပေါ်လာနေပြီလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့ကြီး (၁၀) မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးမြို့ကြီးပွဲစဉ်တွေဖြစ်တဲ့ ပုသိမ်ဇုန်ပြိုင်ပွဲနဲ့ စစ်တွေဇုန်ပြိုင်ပွဲတွေကို ကျင်းပနေပြီဖြစ်ပါတယ်။ စစ်တွေဇုန်ပြိုင်ပွဲကတော့ အုပ်စုအဆင့်ပွဲစဉ်တွေစတင်ကစားနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း အခုလိုမျိုး ပြိုင်ပွဲကို ကျင်းပပေးသွားဖို့အတွက် ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။


(ယခုသတင်းကို Myanmar Care က အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်)



က္က